တရုတ်၏ အိမ်ခြံမြေ စီးပွားရေးကျဆင်းနေချိန်တွင် ကေဒါများကို အိမ်များ ဝယ်ရန် တိုက်တွန်း

တရုတ်၏ အိမ်ခြံမြေ စီးပွားရေးကျဆင်းနေချိန်တွင် ကေဒါများကို အိမ်များ ဝယ်ရန် တိုက်တွန်း

တရုတ်နိုင်ငံ အိမ်ခြံမြေကဏ္ဍစီးပွားရေးကျဆင်းနေချိန်တွင် ဟူနန်ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ပါတီဝင်များ နှင့် ကေဒါများအား အိမ်ခြံမြေများကို ဦးဆောင်ဝယ်ယူကြရန် တိုက်တွန်းလိုက်သည်။
ဩဂုတ်လ ၁၆ ရက်က ရှီမန်ကောင်တီပါတီကော်မတီအတွင်းရေးမှူး ဒန်ပီပိုသည် ဟူနန်ပြည်နယ် ချန်ဒီမြို့ ရှီမန်ကောင်တီတွင် ကျင်းပသော ၂၀၂၂ ခုနှစ် အိမ်ခြံမြေနှင့် ကုန်သွယ်ရေးပြပွဲသို့ တက်ရောက်ခဲ့သည်။

“ရဲဘော်တွေနဲ့ခေါင်းဆောင်တွေအားလုံးဟာ အိမ်ရာတွေ ဝယ်ရာမှာ ဦးဆောင်သင့်ပါတယ်။ ၁ အိမ်ဝယ်ပြီးရင် ၂ အိမ် ဝယ်ပါ။ ၂ အိမ်ဝယ်ပြီးရင် ၃ အိမ်ဝယ်ပါ။ ၃ အိမ်ဝယ်ပြီးရင် ၄ အိမ်ဝယ်ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဗီဒီယိုသည် တရုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက် ရုတ်တရက် မေးခွန်းများစွာ ပေါ်ထွက်လာခဲ့သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုလုပ်ပြီးသည့်တိုင် ကောင်တီအကြီးအကဲ သို့မဟုတ် ကောင်တီပါတီ ကော်မတီအတွင်းရေးမှူးသာမက မြို့နယ်မှူးနှင့်လမ်းမှူး အများအပြားအပါအဝင် ကွန်မြူနစ်ပါတီ အရာရှိများ သည် ချမ်းသာနေကြသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကောင်တီပါတီအတွင်းရေးမှူးတစ်ဦးက အရာရှိများအား တိုက်ခန်းအများအပြားဝယ်ရန် တိုက်တွန်းနိုင်ခြင်းမှာ အရာရှိများ၏ လူမသိသောဝင်ငွေသည် ပြဿနာဟု ၎င်းက ထင်ပုံမရကြောင်း ပြသနေသည်။

အကြွေးနစ်နေသော လုပ်ငန်းရှင်များထံမှ အိမ်ရာဝယ်ယူထားသူများသည် မပြီးမသတ်ရသေးသည့် တိုက်ခန်းများအတွက် ချေးငွေများပေးဆပ်ရန် ငြင်းဆိုလျက်ရှိသည်။
တရုတ်နိုင်ငံ၏စီးပွားရေး ယိမ်းယိုင်နေချိန်တွင် တိုက်ခန်းဝယ်ထားသူများသည် ချေးငွေပြန်မဆပ်ရေး သပိတ်မှောက်နေကြသည်ဟု ဆောင်းပါးရှင် ဒိုင်ဆုကဲဝါကာဘာယာရှီက New York Times တွင် ရေးသားထားသည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required