ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့်  လစ်သူယေးနီး ဒုဝန်ကြီးကို တရုတ်က ပိတ်ဆို့အရေးယူ 

ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့်  လစ်သူယေးနီး ဒုဝန်ကြီးကို တရုတ်က ပိတ်ဆို့အရေးယူ 

ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခြင်းအတွက် လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယ ဝန်ကြီး အန်နယ်အား ပိတ်ဆို့အရေးယူလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ရက် တွင် ပြောကြားခဲ့သည်။

ဘောလ်တစ်သမ္မတနိုင်ငံငယ်လေး လစ်သူယေးနီးယား၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်က ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။

လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက တရုတ်၏ ကြေညာချက်ကြောင့် ဝမ်းနည်းကြောင်း ဆိုသည်။ 

"တရုတ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် တရားမဝင်သော အရေးယူဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်ရန် အရှိန်မြှင့်ဆောင်ရွက်နေသည်" ဟု လစ်သူယေးနီးယားဝန်ကြီးဌာနက ရိုက်တာသို့ ပေးပို့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်က ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အား ပိုင်နက်အဖြစ် ကြေညာထားပြီး ထိုင်ဝမ်သို့ လာရောက် လည်ပတ်သော ပြည်ပ နိုင်ငံရေးသမားများကို ကန့်ကွက်လျက်ရှိသည်။ ဒီမိုကရက်တစ်နည်းဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်က တရုတ်၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။

လစ်သူယေးနီးယား၏ မကြာသေးမီက ထိုင်ဝမ်နှင့် ဆက်ဆံရေးကောင်းမွန်လာမှုက တရုတ်ကို ဒေါသထွက်ခဲ့စေ ခဲ့ပြီး ၂၀၂၂ခုနှစ် ပထမ ၃လပတ်တွင် တရုတ်သို့ လစ်သူယေးနီးယား တင်ပို့မှုမှာ လုံးဝမရှိသလောက်အထိ ကျဆင်း သွားခဲ့သည်။

မြို့ ၃မြို့နှင့် ဆိပ်ကမ်း ၂ ခုသို့ သွားရောက်ခဲ့ပြီး ထိုင်ဝမ်တွင် ၅ ရက်တာကာလအတွင်း အစည်းအဝေး ၁၄ ခု ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၁၂ရက်က Twitter တွင် အန်နယ်က ရေးသားခဲ့သည်။

လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေးကို တရုတ်က အဆင့်နှိမ့်ချခဲ့ပြီး အဆိုပါ နိုင်ငံနှင့်  ဆက်ဆံရေးဖြတ်တောက်ရန် နိုင်ငံတကာကုမ္ပဏီကြီးများကို ဖိအားပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly