ထိုင်ဝမ် ချစ်ပ်ပြား တင်သွင်းမှုကို တရုတ်က အဘယ်ကြောင့် မပိတ်ဆို့သနည်း

ထိုင်ဝမ် ချစ်ပ်ပြား တင်သွင်းမှုကို တရုတ်က အဘယ်ကြောင့် မပိတ်ဆို့သနည်း

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ကို ခရီးစဉ်အပြီးတွင် တရုတ်က ထိုင်ဝမ်အပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း ချစ်ပ်ပြားတင်သွင်းမှု မပါဝင်ခဲ့ပေ။ 

ထိုင်ဝမ်မှ သစ်သီးဝလံနှင့် ငါးအချို့တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သလို ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့မှုကို ပိတ်ပင် ခဲ့သည်။

အမေရိကန်နိုင်ငံရေးသမား လာရောက်မှုများလာခြင်းကြောင့် တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက် လာချိန်တွင် ထိုင်ဝမ်ကို ပိတ်ဆို့အရေးယူမှုများ ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိသော်လည်း ပိတ်ဆို့ အရေး ယူမှုသည် စက်မှုကုန်ပစ္စည်းအများစုအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် ချစ်ပ်ကဏ္ဍကို ပိတ်ပင်ရန် မမျှော်လင့် ထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်က အခြားနိုင်ငံများအပေါ် စီးပွားရေးအရ အကျပ်ကိုင်သည်ဟု မကြာခဏ စွပ်စွဲခံရသော်လည်း စီးပွား ရေးအရ အရေးကြီးသည့် ကုန်ပစ္စည်းအချို့ကို ယခင်ကတည်းက ပိတ်ဆို့အရေးယူမှု မပြုခဲ့ပေ။ 

ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလဇစ်မြစ်ကိစ္စအငြင်းပွားမှုအပြီး ၂၀၂၀ပြည့်နှစ်တွင် တရုတ်က သြစတြေးလျ အမဲ သား၊ ဝိုင်နှင့် မုယောစပါးတင်သွင်းမှုကို ရပ်ဆိုင်းလိုက်သော်လည်း သံသတ္တုရိုင်းအမြောက်အမြားကို ဆက်လက် တင်သွင်းနေဆဲဖြစ်သည်။

တရုတ်၏ စီးပွားရေးအရ နောက်ဆုံးအကျပ်ကိုင်မှုတွင် ထိုင်ဝမ်၏ တန်ဖိုးအရှိဆုံး ပို့ကုန်ဖြစ်သော တစ်ပိုင်း လျှပ် ကူးပစ္စည်းများအားလုံးကို မပါဝင်ဘဲ ချန်ထားခဲ့သည်။

တရုတ်အတွက် ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးစက်လုပ်ငန်းကို ပစ်မှတ်ထားခြင်းသည် တရုတ်ကိုလည်း ထိခိုက် နစ်နာစေမည်ဖြစ်သည်။

ထိုင်ဝမ်သည် စမတ်ဖုန်းများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများမှသည် မော်တော်ကားများနှင့် တိုက်လေယာဉ် များအထိ အရာအားလုံးတွင် အသုံးပြုသည့် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဈေးကွက်တွင် ကမ္ဘာ့စက်မှုလုပ်ငန်းကို လွှမ်းမိုးထားသည်။

ထိုင်ဝမ်၏ ဝင်ငွေ ၆၄ ရာခိုင်နှုန်းသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုမှ ရရှိကြောင်း Trend Force မှ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required