ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် အထည်အလိပ်လုပ်ငန်း ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် အထည်အလိပ်လုပ်ငန်း ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

ဥရောပနှင့် အမေရိကန်ဈေးကွက်၂ ခုလုံးရှိ လက်လီရောင်းချသူများသည် ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း ကြောင့် ကုန်ချောပစ္စည်းများ တင်ပို့မှု သို့မဟုတ် အမှာစာများ နှောင့်နှေးနေချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ အထည် အလိပ်လုပ်ငန်းသည် လက်ရှိတွင် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ငွေကြေး ဖောင်းပွ မှုတို့နှင့် အဓိက ရင်ဆိုင်နေ ရသည်။

တရုတ်ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်တင်ပို့သည့်နိုင်ငံသည် ပြည်တွင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအပါအဝင် စိန်ခေါ်မှုတွေကို ကာလရှည်ကြာ ရင်ဆိုင်နေရပြီး ယင်း၏ အဓိကဈေးကွက်များသည် ငွေကြေးဖောင်းပွမှုကြောင့် တင်ပို့မှုများကို ရွှေ့ဆိုင်းနေရကြောင်း Bangladesh Live News က ဖော်ပြခဲ့သည်။

နာမည်ကျော်ဖက်ရှင့်တံဆိပ်များဖြစ်သည့် Tommy Hilfiger နှင့် Inditex SA ၏ Zara တို့၏ မိခင်ကုမ္ပဏီ Phillips-Van Heusen ကော်ပိုရေးရှင်း၏ ပစ္စည်းပေးသွင်းသူတစ်ဦးဖြစ်သည့် Plummy Fashion Ltd. သည် ၂၀၂၁ ခုနှစ်ကထက် ဇူလိုင်လတွင် ကုန်အမှာစာအသစ် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အထည်အလိပ်လုပ်ငန်းသည် ကုန်သွယ်မှုမူဝါဒများ၊ ပြည်တွင်းလုံခြုံရေးစိုးရိမ်မှုများ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်သော ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းစဉ် ထိခိုက်မှုများနှင့် ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တင်သွင်းစရိတ် ပိုမိုမြင့်မား လာခြင်းနှင့် ရင်ဆိုင်နေရသည်။

ဘင်္ဂလားဒေ့ရှ်တွင် စွမ်းအင်အကျပ်အတည်းကြောင့် နိုင်ငံတွင်း စီးပွားရေး ကုန်ကျစရိတ်များ မြင့်တက် လာခဲ့သည်။

Gap Inc. နှင့် H&M Hennes & Mauritz AB တို့အား တင်ပို့ရောင်းချသည့် ထိပ်တန်းပို့ကုန်လုပ်ငန်းရှင် တစ်ဦး က ဒါကာမြို့စွန်ရှိ ဂါဇီပါထုတ်လုပ်ရေးအချက်အချာရှိ ဆိုးဆေးနှင့် ဆေးကြောခြင်းဌာနများသည် တစ်နေ့လျှင် အနည်းဆုံး ၃ နာရီကြာ မီးစက်များမောင်းနေရကြောင်း ပြောကြားခဲ့သည်ဟု Bangladesh Live News က ဖော်ပြခဲ့သည်။

မီးစက်များမှ လျှပ်စစ်ကုန်ကျစရိတ်သည် အများသုံးလျှပ်စစ်ဓာတ်အားကုန်ကျစရိတ်ထက် ၃ ဆ ပိုမိုကုန်ကျသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်၊ အထိ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အထည်ချုပ်အမှာစာများကို ဖျက်သိမ်းခဲ့ကြောင်း ဘင်္ဂ လားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များအသင်း (BGMA) ၏ ခန့်မှန်းခဲ့သည်။

ယင်းအခြေအနေကြောင့် အလုပ်သမား ၂ ဒသမ ဝ၉ သန်းခန့်နှင့် စက်ရုံပေါင်း ၁၀၄၈ ကျော် ထိခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required