ဟိုင်နန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများက ဘဏ်များရင်ဆိုင်ရမည့် အန္တရာယ်များကို ဖော်ပြနေ

By ANI
15 August 2022
ဟိုင်နန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများက ဘဏ်များရင်ဆိုင်ရမည့် အန္တရာယ်များကို ဖော်ပြနေ

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် အခက်အခဲများနှင့် ဆက်လက်ရုန်းကန်နေရချိန်တွင် ဟိုင်နန်ပြည်နယ်၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် ဘဏ်များရင်ဆိုင်ရမည့် အန္တရာယ်များကို ဖော်ပြနေသည်။

တရုတ်အိမ်ခြံမြေကဏ္ဍသည် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၂၄ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ GDP ၏ ၄ ပုံ ၁ ပုံနီးပါးရှိကြောင်း စာရေးဆရာ အာဟာနာ ရိုင်းနှင့် ဆစ်ဒန့် နားတို့က တရုတ်နှင့် အာရှဆိုင်ရာ သုတေသန အဖွဲ့တွင် ရေးသားခဲ့သည်။

တရုတ်အစိုးရက ကြွေးမြီပြဿနာကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တရုတ်က အိမ်ခြံမြေကဏ္ဍအတွက် ချေးငွေစည်းမျဉ်းများကို ကြီးကြပ်ကိုင်တွယ်ရန် “အနီရောင်မျဉ်းသုံးကြောင်း” ဟုခေါ်သည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့သည်။

ယင်းဥပဒေအရ ဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်သူများသည် အချက် ၃ ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး ယင်းတို့မှာ ကြွေးမြီနှင့် ပိုင်ဆိုင်မှု အချိုးသည် ၇၀ ရာခိုင်နှုန်းအောက်လျော့နည်းရန်၊ အသားတင် ကြွေးမြီနှင့် အစုရှယ်ယာ အချိုး ၁၀ဝ ရာခိုင်နှုန်းအောက်လျော့နည်းရန်နှင့် ငွေသားအချိုးနှင့် ကာလတိုချေးငွေအချိုး ၁ရာခိုင်နှုန်းအောက် လျော့နည်းရန်တို့ဖြစ်သည်။

၂၀၂၁ခုနှစ်တွင် အကြီးဆုံး အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်သည့်ကုမ္ပဏီ Evergrande Group သည် အတိုးပေးရန် ပျက်ကွက်ခဲ့ပြီး နောက်ဆုံးတွင် လုပ်ငန်းတစ်ခုလုံး ကျဆင်းသွားစေသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် အခြေအနေ ပိုဆိုးလာခဲ့သည်။

အရောင်းနှင့် အိမ်ဈေးများ ကျဆင်းခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းခြင်း၊ အိမ်ခြံမြေ ချေးငွေ တိုးတက်မှု နှေးကွေးပြီး စားသုံးသူ ယုံကြည်မှု အားနည်းလာနေသည်ဟု စာရေးသူများက ဆိုသည်။

ဈေးကွက်တည်ငြိမ်မှုလက္ခဏာများ ပြသနေသော်လည်း အိမ်ခြံမြေပေါင်ခံအကျပ်အတည်းနှင့် ဘဏ်အကျပ် အတည်းနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တရုတ်ဘဏ္ဍာရေးကဏ္ဍသည် ညံ့ဖျင်းသော အရင်းအနှီးလည်ပတ်မှု၊ ငွေဖြစ်လွယ်မှု ဖိစီးမှု၊ ကမ္ဘာနှင့် ပြည်တွင်းစီးပွားရေး နှေးကွေးမှုများကြောင့် မရေရာသော အခြေအနေတွင် ရှိနေသည်။

ဘဏ်လုပ်ငန်းအကျပ်အတည်းကို ပိုဆိုးစေမည့် ရုန်းကန်နေရသော အိမ်ခြံမြေဈေးကွက်ကြောင့် ယိုယွင်းနေ သော တရုတ်စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များ ဖြစ်လာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly