အိန္ဒိယ၏ ကာကွယ်ရေးပစ္စည်းပြပွဲကို ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကျင်းပမည်

အိန္ဒိယ၏ ကာကွယ်ရေးပစ္စည်းပြပွဲကို ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကျင်းပမည်

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းပြပွဲ DefExpo-2022 ကို မတ်လက ရွှေ့ဆိုင်းခဲ့ပြီးနောက် ဂူဂျာရတ်ပြည်နယ်၊ ဂန္ဓီနာဂါမြို့တွင် အောက်တိုဘာ ၁၈ မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မတ်လအတွင်းက ပြပွဲကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပါဝင်ပြသမည့်အဖွဲ့အစည်းများက သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အခက်အခဲကြောင့်ဟုဆိုကာ ဝန်ကြီးဌာနက ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

“စက်လက်နက်ပစ္စည်းများနှင့် စစ်တပ်၏ သတ်မှတ်စွမ်းရည် လက်တွေ့သရုပ်ပြမှုများ၊ ကာကွယ်ရေးနှင့် ပြည်သူ့ ကဏ္ဍ၊ စက်မှုလုပ်ငန်းတို့ကို ၅ ရက်ကြာ ပြပွဲအတွင်း ဆာဘာမာတီ မြစ်ကမ်းဘေးတွင် ကျင်းပသွားမည်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထာစသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကာကွယ်ရေးကဏ္ဍတွင် မိမိကိုယ်ကို အားထားနိုင်ရန်နှင့် ၂၀၂၅ ခုနှစ် မတိုင်မီ ပြည်ပသို့ စစ်လက်နက်ပစ္စည်းတန်ဖိုး ဒေါ်လာ ၅ ဘီလီယံအထိ ပြည်ပသို့ ရောင်းချနိုင်ရန် ရည်မှန်းချက်နှင့်အညီ DefExpo 2022 ပြပွဲကို ပြုလုပ်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly