ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် မစိုးရိမ်သော်လည်း စိတ်ပူကြောင်း အမေရိကန်သမ္မတ ပြောကြား

ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် မစိုးရိမ်သော်လည်း စိတ်ပူကြောင်း အမေရိကန်သမ္မတ ပြောကြား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အနီးအနားတွင် တရုတ်စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မစိုးရိမ် သော်လည်း စိတ်ပူကြောင်း  ပြောကြားလိုက်သည်။

"အင်ပြည့်အားပြည့်လှုပ်ရှားနေတော့ ကျွန်တော် မစိုးရိမ်ပေမဲ့ စိတ်ပူမိပါတယ်" ဟု ဘိုင်ဒန်က ယနေ့ သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ဒါပေမယ့် သူတို့ဘက် ဘာမှ ပိုလုပ်နိုင်မယ် မထင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
 
တရုတ်က အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်ဟု ဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ မကြာသေးမီက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်ပြီးနောက် တစ်ပတ်အကြာတွင် ဘိုင်ဒင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် ဒေါသထွက်ခဲ့သည့် တရုတ်က စစ်ရေးလေ့ကျင့်မှုအများအပြား ပြုလုပ်ခဲ့သည်။ 

ထိုင်ဝမ်အနီးအနားတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ဝေဟင်မှ သင်္ဘောတိုက်ခိုက်မှုများကို အဓိကထားသည့် စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်က သြဂုတ် ၈ရက်က ပြောကြားခဲ့သည်။ 

တရုတ်စစ်တပ်သည် ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ထိုင်ဝမ်တစ်ဝိုက်ရှိ ဧရိယာ ၆ ခုထက် မနည်း၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်ဖြစ်တွင် ယခုပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

တရုတ်က သတိပေးနေသည့်ကြားမှ ပြီးခဲ့သောသီတင်းပတ်က ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က အမေရိကန်ကို ဒေါသထွက်ခဲ့သည်။

ထိုင်ဝမ်သမ္မတ ချိုက်အန်းဝမ်က ကိုယ်ပိုင်အုပ်ချုပ်နေသည့်ထိုင်ဝမ်ကို နိုင်ငံတကာက ထောက်ခံပေးရန် မေတ္တာရပ်ခံလိုက်သည်။ အစိုးရနှင့် စစ်တပ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သမ္မတက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required