ပါကစ္စတန် CPEC အထူးစီးပွားရေးဇုန်များတွင် တိုးတက်မှုအနည်းငယ်သာရှိ 

ပါကစ္စတန် CPEC အထူးစီးပွားရေးဇုန်များတွင် တိုးတက်မှုအနည်းငယ်သာရှိ 

ပါကစ္စတန်၏ စက်မှုထွန်းကားမှုပုံစံသည် အထူးစီးပွားရေးဇုန်များ (SEZ) တွင် အခြေပြုထားပြီး  အထူးစီးပွား ရေးဇုန်များမှ တစ်ဆင့် စက်မှုလုပ်ငန်းအားနည်းချက်ကို ပေါင်းကူးချိတ်ဆက်ရန် ကြိုးပမ်းမှုသည် မအောင်မြင် ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

နိုင်ငံ၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်သော အာရှနိုင်ငံများကို အတုယူရန် ရည်ရွယ် ချက်ဖြင့် ပါကစ္စတန်သည် အထူးစီးပွားရေးဇုန် အက်ဥပဒေကို ၂၀၁၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ အထူးစီးပွားရေး ဇုန်များဆိုင်ရာ စံပြအဖြစ် အထူးစီးပွားရေးဇုန် အက်ဥပဒေ ပြဋ္ဌာန်းချက်နှင့်အတူ စက်မှုဇုန်များ ထူထောင်ခဲ့ သည်။

သို့သော် ပေါင်းစပ်ညှိနှိုင်းသည့် အစီအစဉ်မရှိခြင်းနှင့် အုပ်စုလိုက်အဂတိလိုက်စားမှုနှင့်အတူ အထောက် အပံ့ပေးသည့်စနစ်မရှိခြင်းက မူဝါဒကျဆုံးရခြင်း၏ အကြောင်းရင်းများစွာထဲမှ တစ်ခုဖြစ်သည်။

ဒေသတွင်း ကျွမ်းကျင်ပညာရှင် ဒီဖက်ဘရီက ကုန်ထုတ်လုပ်မှု မအောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အရင်းအနှီးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်အားလုံးအတွက် တရုတ်အပေါ် ပါကစ္စတန်၏ အလွန်အမင်း မှီခိုနေရခြင်းကြောင့် ဖြစ်သည်ဟု Geopoliticainfo တွင် ထုတ်ဖော်ရေးသား ခဲ့သည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အောက်မှ အထူးစီးပွားရေးဇုန် စီမံကိန်းများသည် တရုတ်က ရင်းနှီး မြှုပ်နှံမှုအတွက် အချိန်ဆွဲနေခြင်းနှင့် ပြည်တွင်းကန့်ကွက်မှုများကြောင့် နှစ်ရှည်လများ နှောင့်နှေးကြန့်ကြာမှု များနှင့် ရင်ဆိုင်နေရသည်။

၂၀၁၆ခုနှစ် ပါကစ္စတန်အထူးစီးပွားရေးဇုန်အက်ဥပဒေ (ပြင်ဆင်ချက်) တွင် ပါကစ္စတန်သို့ တင်သွင်းလာ သော အရင်းအနှီးကုန်ပစ္စည်းအားလုံးအတွက် ၁၀ နှစ်ကြာ အကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်ပြုခြင်းက ဖွံ့ဖြိုးတိုး တက်မှုကိုအရှိန်မြှင့်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီမံကိန်းအများစုတွင် တရုတ်၏ အခန်းကဏ္ဍကို ပိုမိုလေးနက်စွာခွဲခြမ်းစိတ်ဖြာခြင်းက CPEC အထူးစီးပွားရေးဇုန် များ တိုးတက်မှုနှေးကွေးခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများကို ဖော်ထုတ်နိုင်သည်ဟု ဒီဖက်ဘရီက ငြင်းချက်ထုတ်ခဲ့သည်။

စီမံကိန်းအများစုတွင် တရုတ်က ပိုမိုထောက်ပံ့နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များသည် အခြေအနေအရ အလွန်အကျွံ သို့မဟုတ် အလွန်အကျွံ အမြတ်ထုတ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly