PROJECT DRAGONFLY စီမံချက်မှ ရရှိသည့် လက်နက်တစ်ချို့ စတင်အသုံးပြုနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

PROJECT DRAGONFLY စီမံချက်မှ ရရှိသည့် လက်နက်တစ်ချို့ စတင်အသုံးပြုနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဩဂုတ် ၁၀

မဇ္ဈိမ ။ ။ ပြည်သူများထောက်ပံ့မှုဖြင့် PROJECT DRAGONFLY စီမံချက်မှ ရရှိလာသည့် လက်နက်တစ်ချို့ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ်လ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျူဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရန်ဖို့ လေကြောင်းပစ် ပစ္စည်းများ ဝယ်ယူရန်အတွက် PROJECT DRAGONFLY စီမံချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့် ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျဆောင်ရွက်နေပြီဖြစ်သည်ဟု ဆိုသည်။

PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#PROJECTDRAGONFLY

#NUG

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly