နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အတွက် ပြန်လည်ပေးဆပ်ယူရမည်ဟု တရုတ်အစိုးရက အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြောကြား

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အတွက် ပြန်လည်ပေးဆပ်ယူရမည်ဟု တရုတ်အစိုးရက အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြောကြား

 အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်သို့ လာရောက်လည်ပတ်မှုကို ကန့်ကွက်သည့် အနေဖြင့် တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး နီကိုလတ်အားဘန်းစ်အား သြဂုတ် ၃ရက်တွင် တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ရှဲဖန်က ဆင့်ခေါ်ခဲ့ကာ  အဆိုပါခရီးစဉ်သည် အလွန်ဆိုးရွားပြီး   အကျိုးဆက်မှာလည်း နက်ရှိုင်းကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ခွင့်လွှတ်မည်မဟုတ်ကြောင်းနှင့် အမေရိကန်က ယင်း၏အမှားအတွက် ပေးဆပ်ရမည်ဟု ရှဲက ပြောကြားခဲ့သည်။ တရုတ်က လိုအပ်သလို ပြတ်ပြတ်သားသား တန်ပြန် အရေးယူမှုများ ပြုလုပ်ပြီး "ပြောသည့်အတိုင်းလုပ်ကိုင်မည်ဖြစ်ကြောင်း" Global Times က ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် နန်စီပေလိုစီ၏ မရိုးသားသော လှုပ်ရှားမှုကို တားမြစ်ပြီး သမိုင်းလမ်းကြောင်းကို ဆန့် ကျင်ရန် တားဆီးသင့်သော်လည်း မပြုလုပ်ခဲ့ဘဲ သူမနှင့် အလိုတူအလိုပါပူးပေါင်းကာ မရိုးမသားလုပ်ဆောင် ခဲ့ခြင်းကြောင့် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ လေယာဉ် တိုင်ပေမြို့သို့ ဆင်းသက်ပြီးနောက် မိနစ်ပိုင်း အကြာတွင် တရုတ်စစ်တပ်   က ထိုင်ဝမ်တစ်ဝိုက်ရှိ ရေပြင်တွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှု သြဂုတ်လ ၄ရက်မှ ၇ ရက်အထိ ၆ ကြိမ်ပြုလုပ်မည်ဖြစ်ကြာင်း ကြေညာခဲ့သည်။ 

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) သည် သြဂုတ်လ ၂ရက် ညနေပိုင်းတွင် ထိုင်ဝမ်လေ ကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်ခြမ်းအတွင်းသို့ တရုတ်စစ်လေယာဉ် ၂၁ စင်း ဝင်ရောက်ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သည်။

 ထိုင်ဝမ်ရေလက်ကြား၊ ပရှစ်ရေလက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ထိုင်ဝမ်၏ အရှေ့မြောက်၊ အနောက်မြောက်၊ အရှေ့၊ တောင်နှင့် အနောက်တောင်တို့တွင် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်ဟု တရုတ်မီဒီယာများ၏ ဖော်ပြခဲ့သည်။ 

လေ့ကျင့်ရန်စီစဉ်ထားသည့်နေရာများအနက် တစ်ခုသည် ထိုင်ဝမ်တောင်ပိုင်း ကောင်းရှို့မြို့မှ ကီလိုမီတာ ၂၀ ထက်အနည်းငယ်သာ ဝေးကွာသည်ဟု ယင်းက ထပ်လောင်းဖော်ပြခဲ့သည်။
 
တရုတ်က ပြင်းထန်စွာ ကန့်ကွက်နေသော်လည်း နန်စီပေလိုစီ၏ လာရောက်လည်ပတ်မှုကို ဒေါသထွက်ကာ တရုတ်က "မီးနှင့် ကစားခြင်းသည် အန္တရယ်များပြီး မီးလောင်ခံရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required