မော်လ်ဒိုက်သမ္မတဟောင်းယာမန်က မြေပွဲစားအဖြစ် စင်ကာပူ၊ မလေးရှားသို့ သွားရောက် 

မော်လ်ဒိုက်သမ္မတဟောင်းယာမန်က မြေပွဲစားအဖြစ် စင်ကာပူ၊ မလေးရှားသို့ သွားရောက် 

 သမ္မတဟောင်း အက်ဒူလာယာမန်သည် မော်လ်ဒိုက်သမ္မတတစ်ဦးအနေဖြင့် မဟုတ်ဘဲ မြေပွဲစားတစ်ယောက် အနေဖြင့် စင်ကာပူနှင့် မလေးရှားသို့ သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံခြားဟိုတယ်လုပ်ငန်းရှင်များ၊စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
 
မော်လ်ဒိုက်သမ္မတအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ရာထူးသက်တမ်းအတွင်း စင်္ကာပူသို့ စုစုပေါင်း ၁၁ ကြိမ် သွားရောက်လည်ပတ်ခဲ့သည်။
 
လည်ပတ်မှု ၁၁ ကြိမ်တွင် ၃ ကြိမ်သာ တရားဝင် ခရီးစဉ်ဖြစ်ပြီး ကျန် ၈ ကြိမ်မှာ ကိုယ်ရေးကိုယ်တာ ခရီးစဉ် သက်သက်သာဖြစ်ကာ ယင်းခရီးစဉ်များကို အကြောင်းအမျိုးမျိုးပြကာ ပြောဆိုရန် ရှောင်ရှားခဲ့သည်ဟု Maldives Voice က ဖော်ပြခဲ့သည်။
 
၂၀၁၄ခုနှစ်တစ်နှစ်တည်းတွင် ၆ ကြိမ် သွားရောက်ခဲ့သည်။ ယာမန်နှင့် အကိုဖြစ်သူ အာမက်အဒိတို့ လက်ထက် တွင် မော်လ်ဒိုက်မှ မြေကွက် ၅၀ ကျော်ကို လွှဲပြောင်းပေးအပ်သည့် စရိတ်မယူဘဲ ငှားရမ်းခဲ့သည်။

ထို့ပြင် ဈေးပြိုင်စနစ်မရှိဘဲ ကုမ္ပဏီများကို စာချုပ်များ တရားမဝင် ပေးအပ်ခဲ့ကြောင်း Maldives Voice က ဖော်ပြခဲ့သည်။

ယာမန်အစိုးရမှ ငှားရမ်းထားသော ကျွန်း ၆၀ ကို ဝယ်ယူရာတွင် လွှဲပြောင်းပေးအပ်စရိတ်နည်းပါးခြင်းကြောင့် ပိုင်ဆိုင်မှု ပြန်လည်ရရှိရေး ကော်မတီ၏ အဆိုအရ အစိုးရသည် အမေရိကန်ဒေါ်လာ ၁၂၈ သန်း ဆုံးရှုံးခဲ့ရသည်။

အစိုးရက မတ်လ ၂၀၁၆ခုနှစ်တွင် လုပ်ဆောင်သည့် ယင်းကဲ့သို့သော သဘောတူညီချက်မျိုးသည်  လုံးဝမလုပ်ဆောင်သင့်ဘဲ အကျင့်ပျက်ခြစားမှု ဖြစ်နိုင်ခြေများစွာ ရှိခဲ့သည်။ 

IGMH တာဝါတိုင်သစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိသည့် သဘောတူစာချုပ်ကို တင်ဒါ မခေါ်ဘဲ စင်ကာပူမှ Chang Huaအား ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required