ရှင်ကျန်းအာဏာပိုင်များက တရုတ်အစိုးရ ရာဇဝတ်မှု နှိမ်နှင်းရေး လှုပ်ရှားမှုများကို အသုံးပြုပြီး ဝီဂါများကို ပစ်မှတ်ထားနေ

ရှင်ကျန်းအာဏာပိုင်များက တရုတ်အစိုးရ ရာဇဝတ်မှု နှိမ်နှင်းရေး လှုပ်ရှားမှုများကို အသုံးပြုပြီး ဝီဂါများကို ပစ်မှတ်ထားနေ

တရုတ်အနောက်ဖျား ရှင်ကျန်းဒေသမှ အာဏာပိုင်များသည် ဘာသာရေးအစွန်းရောက်နှင့် မရိုးသားသူဟုထင်ရသော ဝီဂါများကို ပစ်မှတ်ထားရန် တရုတ်အစိုးရ၏ ရာဇဝတ်သားများနှင့် တရားခံပြေးများအား ရက် ၁၀၀ နှိမ်နင်းရေးအစီအစဉ်ကို အသုံးပြုခဲ့ကြသည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

 ဇွန်လ ၂၅ ရက်နေ့က ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရင်းနှီးသောမဟာမိတ် ဝမ်ရှောင်ဟောင်က နိုင်ငံတစ်ဝန်း ဒုစရိုက်အဖွဲ့များအား နှိမ်နင်းရန်နှင့် နိုင်ငံရေးလုံခြုံရေး နှင့် လူမှုရေးဆိုင်ရာထိန်းချုပ်မှုတို့ကို မြှင့်တင်ရန် လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မတိုင်မီ လုံခြုံရေးဆိုင်ရာအန္တရာယ်များ လျော့ပါးသွားရန်နှင့် လူမှုတည်ငြိမ်ရေးကို မဆုတ်မနစ် ကာကွယ်စောင့်ရှောက် ရန် ဝမ်က ရဲတပ်ဖွဲ့အား ညွှန်ကြားခဲ့သည်။ 

ထိုကွန်ဂရက်ပါတီ၌ လာမည့် ၅ နှစ်အတွင်း ပါတီ၏ အမျိုးသားရေး မူဝါဒပန်းတိုင်များကို ချမှတ်ပြီး ထိပ်တန်းခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
 
တရုတ်နိုင်ငံတစ်ဝန်းတွင် “ရက် ၁၀၀ လှုပ်ရှားမှု” အတွက် ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် တိုးတက်မှုဖြစ်စဉ် အစည်းအဝေးတွင် တရုတ်ပြည်သူ့လုံခြုံရေးခေါင်းဆောင်များက လှုပ်ရှားမှုကာလအတွင်း အမှုပေါင်း ၄၂၀၀၀ ကို နှိမ်နင်းနိုင်ခဲ့ကာ ရာဇ၀တ်မှုကျူးလွန်သူ ၇၂၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု တရုတ်မီဒီယာက ဖော်ပြသည်။

 တရုတ်နိုင်ငံရှိ အခြားနေရာများ၌ ရာဇဝတ်မှုဆန့်ကျင်ရေးလှုပ်ရှားမှုသည် ခိုးမှုကဲ့သို့သော ရာဇဝတ်မှုများကို အဓိကထားနှိမ်နင်းခဲ့သလို ရှင်ကျန်းတွင်တွင်လည်း အရာရှိများက  သစ္စာမဲ့သော ဝီဂါများကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
 အာဏာပိုင်များက ဟိုတန်မြို့တွင်လည်း ဒုစရိုက်အဖွဲ့များအပေါ် နှိမ်နင်းသည့်စစ်ဆင်ရေး အလေးထားလုပ်ဆောင်ခဲ့သည်ဟု ရဲအရာရှိကပြောသည်။
 
“ဒုစရိုက်အဖွဲ့ဆိုတာ လမ်းညွှန်ချက်အရ ကျူးလွန်တဲ့ သူတွေကို ခေါ်တာပါ” ဟု RFA သို့ ပြောသည်။ ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်က လမ်းညွှန်မှုအောက်မှာ ဘာသာရေးကို တရားမဝင် ဟောပြောတဲ့သူတွေကို လက်ခံသူတွေ သူတို့ကို တရားစွဲမခံရအောင် ကာကွယ်ပေးပေးတဲ့သူတွေကို ရှင်းလင်းဖို့ပါ။ သူတို့လက်အောက်မှာ ခွဲထွက်ရေးသမားတွေ၊ အစွန်းရောက်တွေနဲ့ မရိုးသားတဲ့သူတွေလည်း ပါပါတယ်” ဟု ရဲအရာရှိကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required