တရုတ်မူလတန်းကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာတွင် ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ

တရုတ်မူလတန်းကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာတွင် ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ ပုဂ္ဂလိက မူလတန်းကျောင်းတစ်ကျောင်းတွင် ဩဂုတ် ၃ ရက်က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြေင်း ပြည်တွင်းသတင်းဌာန China Daily က ဖော်ပြသည်။

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်အရှေ့တောင် ကျီအန်းမြို့ အန်ဖူးကောင်တီရှိ ပုဂ္ဂိလကမူလတန်းကျောင်း၌ နံနက် ၁၀ နာရီ ၂၂ မိနစ်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သံသယရှိသူ အသက် ၄၈ နှစ်အရွယ်ရှိ လျူဟူသောအမျိုးသားမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲများက ရှာဖွေလျက်ရှိသည်။

 ၂၀၂၀ ခုနှစ်ကလည်း ကွမ်ရှီးဒေရှိ မူလတန်းကျောင်းတွင် ကျောင်းလုံခြုံရေးအစောင့်က ကလေးများနှင့်ဝန်ထမ်း ၃၉ ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ယမန်နှစ်ကလည်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မူလတန်းကျောင်းတစ်ကျောင်းကို အမည်မသိ လူတစ်ဦးက ဓားဖြင့်တိုက်ခိုက်သဖြင့် ကလေး ၁၆ ဦးနှင့် မူကြိုဆရာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ချုံချင်းမြို့တွင်လည်း ၂၀၁၈ ခုနှစ်က အမျိုးသမီးတစ်ဦးက မီးဖိုချောင်သုံးဓားဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၁၄ ဦး ဒဏ်ရာရှိခဲ့သလို မနှစ်က အန်ဟွေးပြည်နယ်တွင် အခြားတိုက်ခိုက်မှုတစ်ခုကြောင့်  ၅ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly