ရှင်ကျန်းမှ ဝါဂွမ်းဝယ်ယူမှုအပေါ်  အမေရိကန်၏ တားမြစ်ချက်ကို လိုက်နာနိုင်ရန် ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ အခက်အခဲ ဖြစ်နေ

ရှင်ကျန်းမှ ဝါဂွမ်းဝယ်ယူမှုအပေါ်  အမေရိကန်၏ တားမြစ်ချက်ကို လိုက်နာနိုင်ရန် ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ အခက်အခဲ ဖြစ်နေ

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဝါဂွမ်းများကို ဗီယက်နမ်က အလွန်အမင်းမှီခိုအားထားမှုသည် ရှင်ကျန်း၌ အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့်ပြုလုပ်သော ဝါဂွမ်းအပေါ် အမေရိကန်တားမြစ်ချက်ဥပဒေနှင့် ငြိစွန်းစေနိုင်သည်။  ဗီယက်နမ်မှလုပ်ငန်းရှင်များသည် ၎င်းတို့အထည်ချုပ်စက်ရုံမှ ချည်ထည်များ၏ ဇာစ်မြစ်ကို သက်သေပြရန် အခက်တွေ့လျက်ရှိသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့သော ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့သည့် ဝီဂါများအား အဓမ္မလုပ်အားပေးခိုင်းစေမှု တားမြစ်ခြင်းအက်ဥပဒေ (UFLPA) သည် ဇွန် ၂၁ ရက်တွင် စတင်သက်ရောက်လာပြီဖြစ်သည်။ 

ယင်းအက်ဥပဒေကြောင့် ဂျပန်မှ United Arrows ကဲ့သို့သော ဖက်ရှင်ကုမ္ပဏီများသည် ရှင်ကျန်းမှ ထုတ်လုပ်သော ဝါဂွမ်းများဖြင့် ပြုလုပ်သည့် အဝတ်အထည်များကို ရောင်းချမှု ရပ်တန့်ခဲ့သည်။

ကမ္ဘာ့ ဒုတိယနှင့် တတိယအကြီးဆုံး အဝတ်အထည်တင်ပို့သူများဖြစ်သည့် ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော နိုင်ငံများသည် တရုတ်ချည်ထည်နှင့်ချည်ခင်များ အထူးသဖြင့် တန်ဖိုးကြီးအဝတ်အထည်များ တင်ပို့မှုအပေါ် များစွာ မှီခိုအားထားနေဆဲဖြစ်သည်။

ထို့ကြောင့် ချည်ထည်ထုတ်လုပ်ရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးမှုအတွက် ဗီယက်နမ်နှင့် ဘင်္ဂလား ဒေ့ရှ်ကဲ့သို့သော နေရာများတွင် ထုတ်လုပ်သူများက ချည်ခဝါချမှုများလုပ်ဆောင်နေသည်ဟု တက်ကြွ လှုပ်ရှားသူအုပ်စုများနှင့်အနောက်နိုင်ငံရေးသမားများက စွပ်စွဲခဲ့ကြသည်။

 “ပင်လယ်ရေကြောင်းကတင်ပို့တဲ့အခါမှာ အားလုံးရောပါလာတဲ့အတွက် ရင်းမြစ်အမျိုးမျိုးကနေ ဗီယက်နမ်ထဲ ဝင်လာတဲ့ ဝါဂွမ်းတွေကို ခွဲခြားရခက်ပါတယ်။ ပေးသွင်းသူတွေက အမေရိကန်ရဲ့ ဥပဒေနဲ့ လွတ်ကင်းအောင်လို့ ရှင်ကျန်း ဝါဂွမ်းတွေကို တခြားဒေသကထွက်တဲ့ဝါဂွမ်းအဖြစ် တံဆိပ်ကပ်နိုင်ပါတယ်” ဟု ထုတ်လုပ်သူ တစ်ဦးကပြောသည်။
 
ကမ္ဘာ့ဝါဂွမ်းများ၏ ၅ ပုံ ၁ ပုံသည် ရှင်ကျန်းမှ လာသောကြောင့် အဓမ္မလုပ်အားအသုံးမပြုသော နိုင်ငံများမှ ဝါဂွမ်းအလုံအလောက်ရရှိရန် ထုတ်လုပ်သူများအတွက် ခက်ခဲစေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly