လောင်းလုံးမြို့နယ်တွင် သေဒဏ်ချမှတ်သည့် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချဆန္ဒပြ

01 August 2022
လောင်းလုံးမြို့နယ်တွင် သေဒဏ်ချမှတ်သည့် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချဆန္ဒပြ

ဩဂုတ် ၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ပြည်သူများအား ဖမ်းဆီးသေဒဏ်ချမှတ်ခြင်းပြုလုပ်သည့် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြသည်ဟု သိရသည်။

အဆိုပါ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုနှင့်အတူ နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုပြုလုပ်ကြကြောင်း သိရသည်။

"ခြွေလို့ရရင်ရမယ် နှင်းဆီနီဘယ်တော့မှ မကြွေဘူး" ဆိုသည့် ခေါင်းစဉ်ဖြင့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီး သေဒဏ် ချမှတ်ခံထားရသည့် အမျိုးသမီးများ၏ ဓာတ်ပုံကို ကိုင်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ယင်းလှုပ်ရှားမှုကို နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကဦးဆောင်ပြီး LGBT၊ အခြေခံပညာကျောင်းသူ/သားများနှင့် လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

#Mizzima

#တနင်္သာရီတိုင်း

#လောင်းလုံးမြို့နယ်

#စစ်ကောင်စီ

#သေဒဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly