ဥပဒေချိုးဖောက်မှုများကြောင့် တရုတ်ဘဏ္ဍာရေးစောင့်ကြည့်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကို စုံစမ်းစစ်ဆေး

ဥပဒေချိုးဖောက်မှုများကြောင့် တရုတ်ဘဏ္ဍာရေးစောင့်ကြည့်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကို စုံစမ်းစစ်ဆေး

တရုတ်ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့၏ ပြည်နယ်ဗျူရိုတွင် အလုပ်လုပ်သောအကြီးတန်းအရာရှိ လီဟွမ်ထန်း သည်ပြင်းထန်သောဥပဒေချိုးဖောက်မှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည်။

တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံစည်းကျပ်ရေးကော်မရှင် (CBRIC) မှ စစ်ဆေးရေးမှူး ဟွမ်ထန်းသည် ဥပဒေစည်းမျဉ်းများကို ချိုးဖောက်သည့် လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသည်ဟု Global Times က ဖော်ပြ ခဲ့သည်။

ထိန်းချုပ်ထားသော ဘဏ်အပ်ငွေများ ပြန်ထုတ်ပေးရန် တောင်းဆိုနေသည့် ဟိုင်နန်ပြည်နယ်တွင် ကြီးမား သော ဆန္ဒပြပွဲများပြီးနောက် ၎င်း၏ စုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟိုင်နန်ဘဏ်မှ ဆန္ဒပြသူများကို စိတ်ကျေနပ်စေရန်အတွက် ပြည်နယ်ဘဏ္ဍာရေး ကြီးကြပ်ကွပ်ကဲမှုဗျူရိုက မကြာသေးမီက ထိခိုက်နစ်နာခဲ့သည့် ဘဏ်ငွေအပ်နှံထားသူများကို ငွေပြန် ပေးမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၂ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်လိုက်ကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။

ယွမ် ၅၀ဝဝဝ အထိ အပ်နှံထားသူများသည် ငွေပြန်ပေးခဲ့ပြီး ယခုအခါ အပ်ငွေ ၁၀ဝဝဝဝ အထိ ပြန်ထုတ်ပေးနေပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

ဇူလိုင်လ ၁၀ ရက်တွင် ငွေအပ်နှံထားသူ ၁,ဝဝဝ ကျော်သည် တရုတ်ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်၏ ကျန်းကျိုးဘဏ်ခွဲ အပြင်ဘက်တွင် စုရုံးကာ အကြီးမားဆုံး ဆန္ဒပြမှုကို စတင်ခဲ့သည်။

တရုတ်အစိုးရပိုင် မီးရထားအမှတ် ၄ အင်ဂျင်နီယာအုပ်စုကုမ္ပဏီလီမိတက်မှ အရာရှိများထံမှ ဝန်ထမ်းများ ကိုယ်စား ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လုပ်ခလစာများ တောင်းဆိုနေသည့် ဗီဒီယိုတစ်ခုကို မကြာသေးမီက Telegram တွင် တွေ့မြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly