တရုတ်က အာကာသစခန်း၏ ပထမဆုံး သီးသန့်ဓာတ်ခွဲခန်းဖြစ်သော Wentian ကို လွှတ်တင်

တရုတ်က အာကာသစခန်း၏ ပထမဆုံး သီးသန့်ဓာတ်ခွဲခန်းဖြစ်သော Wentian ကို လွှတ်တင်

တရုတ်က အာကာသစခန်း၏ ပထမဆုံး သီးသန့်ဓာတ်ခွဲခန်းဖြစ်သော Wentian ကို လွှတ်တင်ကြောင်း ဒေသတွင်း မီဒီယာသတင်းများက ဖော်ပြသည်။

သီးသန့်ဓာတ်ခွဲခန်းအသစ်သည် ပင်မသီးသန့်ဓာတ်ခွဲခန်း၏ အရန်အဖြစ်နှင့် အစွမ်းထက်သော သိပ္ပံနည်းကျ စမ်းသပ်ခန်းတစ်ခုအဖြစ် နှစ်မျိုးလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Wentian သီးသန့်ဓာတ်ခွဲခန်းသည် အရှည် ၁၇ ဒသမ ၉ မီတာရှိပြီး အမြင့်ဆုံး အချင်း ၄ ဒသမ ၂ မီတာ ရှိကာ အလေးချိန် ၂၃ တန် ရှိကြောင်း တရုတ်အာကာသသိပ္ပံနည်းပညာအကယ်ဒမီ၏ အာကာသစခန်းစနစ်၏ လက် ထောက် ဒီဇိုင်နာဖြစ်သူ လျှိုဂန်က ပြောကြားခဲ့သည်။

အဆိုပါဓာတ်ခွဲခန်းတွင် အလုပ်ခန်း၊ လေလုံခန်းနှင့် အရင်းအမြစ်ခန်းတစ်ခန်းတို့ပါဝင်သည်။

Wentian ကို တင်ဆောင်လာသော Long March-5B Y3 ဒုံးကျည်သည် ဟိုင်နန်ပြည်နယ်တောင်ပိုင်း ကမ်းရိုး တန်းရှိ ဝမ်ချန်အာကာသယာဉ်စခန်းမှ လွှတ်တင်ခဲ့ကြောင်း တရုတ်အာကာသအေဂျင်စီ(CMSA) ၏ ထုတ်ပြန်ချက်ကို ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ယင်းဓာတ်ခွဲခန်းသည် ၄၉၅ စက္ကန့်အကြာတွင် ဒုံးပျံမှ ခွဲထွက်ကာ ပတ်လမ်းထဲသို့ ဝင်ရောက်ခဲ့သည်။

လွှတ်တင် မှုသည် ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ကြောင်း CMSA မှ ကြေညာခဲ့သည်။

လူလိုက်ပါသည့် အာကာသအစီအစဉ်ကို အတည်ပြုပြီးကတည်းက ယင်းသည် ၂၄ ကြိမ်မြောက် ပျံသန်းရေး မစ်ရှင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly