တရုတ်ကျောက်မီးသွေးတူးဖော်သည့်နေရာတွင် တောင်ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံး

တရုတ်ကျောက်မီးသွေးတူးဖော်သည့်နေရာတွင် တောင်ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံး

တရုတ်တွင် ဇူလိုင် ၂၃ ရက်က ကျောက်မီးသွေးတွင်းတစ်ခုမှ တောင်တန်းတစ်ခု၏ အပိုင်းတစ်ပိုင်းပြိုကျ မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြခဲ့သည်။

အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၁၅ မိနစ်ခန့်တွင် မတော်တဆမှု ဖြစ်ပွား ခဲ့ကြောင်း CCTV မှ ဖော်ပြခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တောင်စောင်းမြေပြိုကျမှုတွင် ဝန်ထမ်းများနှင့် မော်တော်ယာဉ်များနစ်မြှုပ်သွားမှုကြောင့် ဘိုင်ယန်မြို့ရှိ သတ္တု တွင်းနေရာတစ်ဝိုက်တွင် ဝန်ထမ်းများရွှေ့ပြောင်းပေးခဲ့ရသည်ဟု CCTV မှ ဖော်ပြခဲ့ပြီး စုစုပေါင်း ၁၇ ဦး ပိတ်မိ နေခဲ့သည်။

နောက်ဆုံး အလောင်းကို တွေ့ရှိပြီးနောက် “လူ ၁၀ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း” ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇူလိုင် ၂၃ရက် ညနေပိုင်း နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
“မတော်တဆ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု CCTV က ဖော်ပြခဲ့သည်။

သတ္တုတူးဖော်သည့်နေရာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အနည်းငယ်သာ ရရှိခဲ့သော်လည်း တောင် တန်းနှင့် သဲကန္တာရတစ်စိတ်တစ်ပိုင်းဖြစ်သော ဘိုင်ယန်မြို့သည် မူလက ၁၉၅၀ပြည့်နှစ်များတွင် အမျိုးသား ကြေးနီတူးဖော်ရေးအခြေစိုက်စခန်းအဖြစ် တည်ထောင်ခဲ့သည်။

သတ္တုတွင်းမတော်တဆမှုများ တရုတ်တွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး အဆိုပါလုပ်ငန်းသည် တရုတ်တွင် ဘေးကင်းရေးမှတ်တမ်းဆိုးများနှင့် စည်းမျဉ်းစည်းကမ်းများ ကျင့်သုံးမှု ညံ့ဖျင်းမှုများရှိလေ့ရှိသည်။

မကြာသေးမီဆယ်စုနှစ်များအတွင်း ဘေးကင်းလုံခြုံမှုတိုးတက်ကောင်းမွန်လာသော်လည်း၊ တစ်ချိန်က လျစ်လျူ ရှုခံခဲ့ရသည့် အဓိကဖြစ်ရပ်များကို မီဒီယာများတွင် ဖော်ပြနေပါသည်။

သို့သော် အဆိုပါကဏ္ဍသည် အန္တရာယ်ရှိဆဲဖြစ်ပြီး ဘေးကင်းရေးညွှန်ကြားချက်များသည် အထူးသဖြင့် အခြေခံ အကျဆုံးနေရာများတွင် မကြာခဏဆိုသလို ပေါ့လျော့နေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly