အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်၌ တာလီဘန် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးမှုအတွက် တရားမျှတမှုရရှိရေး ဒေသခံများ တောင်းဆို

အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်၌ တာလီဘန် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးမှုအတွက် တရားမျှတမှုရရှိရေး ဒေသခံများ တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှားပြည်နယ်တွင် တာလီဘန် လက်ချက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် တရားမျှတမှု ရရှိရေး ဒေသခံအမျိုးသမီးတစ်စုက တောင်းဆိုလိုက်သည်။

ယခုသီတင်းပတ် အစောပိုင်းက ပန်ဂျ်ရှားပြည်နယ် အက်ဘ်ရှားခရိုင်ရှိ ခင်ပွန်းဖြစ်သူထံ အစားအစာ ယူသွားပေးရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးတစ်ဦး တာလီဘန် စနိုက်ပါသမားတစ်ဦး၏ ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အစိုးရဌာနများမှ အမျိုးသမီးများ ဖယ်ထုတ်ခံရခြင်းနှင့် အခွင့်အရေးများ ချိုးဖောက်ခံရခြင်းအတွက် အာဖဂန်အမျိုးသမီးများက တာလီဘန်တို့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်ကို ထိန်းချုပ်ပြီးနောက် အမျိုးသမီးများအပေါ် ရက်စက်ယုတ်မာသည့် လုပ်ရပ်များ မရပ်မနား ကျူးလွန်နေခဲ့ပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများအပေါ် လူလူချင်း စာနာမှုဆိုင်ရာ အခွင့်အရေးများ ပိတ်ပင်ကန့်သတ်ထားသည်။

တာလီဘန်တို့သည် ဇူလိုင် ၁၈ ရက်က အမိန့်ညွှန်ကြားချက်သစ်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အမျိုးသမီး ဝန်ထမ်း များကို ၎င်းတို့၏ အလုပ်နေရာများတွင် အစားထိုးရန် ဆွေမျိုးအမျိုးသားများ စေလွှတ်ပေးရေး ညွှန်ကြား ထားခဲ့သည်။
 
အာဖဂန်တွင် တာလီဘန်တို့က အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းနှင့် ပတ်သက်ပြီး သတင်းများ ပုံမှန်ထွက်ပေါ်လျက်ရှိရာတွင် ဒေသ၌ ကြီးလေးသော လူ့အခွင့် အရေး ချိုးဖောက်မှုများကြောင့် အကြောက်တရားနှင့် မယုံကြည်မှု အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required