ဟင်္သာတမြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်နှင့်ရဲများက ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေ

ဟင်္သာတမြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်နှင့်ရဲများက ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေ

ဇူလိုင်လ ၂၄ ရက်

ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက အုပ်စုဖွဲ့ ကာ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်နှင့် လယ်တီကွင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူ များထံမှ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လယ်တော်ဘက်က ဇလွန်ဘက်ကိုထွက်တဲ့ဂိတ်ပါ လယ်တီကွင်းဘက်ကတော့ အင်္ဂပူဘက်ကိုထွက်တဲ့ ဂိတ် ၊ အဲ့ဒီဂိတ်နှစ်ဂိတ်မှာ စစ်သားနဲ့ရဲတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကို တားပြီးဖုန်းတွေကိုစစ်တယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တာတွေ၊ NLD၊ NUG နဲ့ပတ်သတ်တာတွေတွေ့ရင် တောင်းချင်သလောက်ကို တောင်းနေကြတယ်” ဟု ဒေသခံကပြောသည်။

၎င်းအပြင် ဆိုင်ကယ်လိုင်စင်၊ ဘက်မှန်၊ ယာဥ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်နှင့် ဆိုင်ကယ်နံပါတ်ပြား မပါပါက ငွေကြေးအများအပြားတောင်းယူပြီးမှသာ သွားခွင့်ပြုကြောင်း အဆိုပါဒေသခံက ဆက်လက် ပြောကြားသည်။

“ ဆိုင်ကယ်လိုင်စင်တို့ ဦးထုပ်တို့ ဘက်မှန်တို့မပါရင် နည်းမျိုးစုံရစ်ပြီး ပိုက်ဆံတောင်းတယ်။ အရင်တုန်း ကလို ဆိုင်ကယ်အဖမ်းခံရရင် တရားရုံးကိုသွားဖို့၊ ဒဏ်ငွေဆောင်ဖို့ ဖြတ်ပိုင်းလဲမပေးတော့ဘူး။ တောင်း ချင်သလိုတောင်းပြီး အကုန်အိတ်ထဲထည့်နေကြတာပါ” ဟု ၎င်းကဆိုသည်။

ထိုသို့ ငွေကြေးမတရားတောင်းယူနေမှုများကို ဟင်္သာမြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများကသိရှိသော်လည်း အရေးယူခြင်းတစ်စုံတစ်ရာမရှိကြောင်း ဒေသခံများ၏ပြောကြား ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly