တရုတ်နိုင်ငံပိုင်ဘဏ်ရှေ့တွင် အရပ်သားပုံဖမ်းထားသည့် ရဲများက ဆန္ဒပြသူများကို နှိမ်နင်း

တရုတ်နိုင်ငံပိုင်ဘဏ်ရှေ့တွင် အရပ်သားပုံဖမ်းထားသည့် ရဲများက ဆန္ဒပြသူများကို နှိမ်နင်း

တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်တွင် ဘဏ်ငွေအပ်နှံသူများ၏ ထိန်းချုပ်ခံထားရသောငွေများ ပြန်ရရေးနှင့် ပတ် သက်၍ ကြီးမားသောဆန္ဒပြပွဲများပြုလုပ်ချိန်တွင် ကျန်ကျိုးမြို့တရုတ်ပြည်သူ့ဘဏ်ခွဲ (PBoC) ရှေ့တွင် တရုတ်ရဲ တပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များဟု သံသယရှိရသည့် အင်္ကျီအဖြူဝတ်ဆင်ထားသူများက ဆန္ဒပြသူများကို နှိမ်နင်းခဲ့သည်။

အင်အားသုံးဖြိုခွင်းများသည် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ သို့မဟုတ် အရပ်ဝတ်ရဲများသာ ဖြစ်နိုင်သည်ဟု အွန်လိုင်းမီဒီယာများက ယုံကြည်ထားသည်။ ၎င်းတို့ဝတ်ဆင်ထားသော အင်္ကျီသည် ၂၀၂၁ခုနှစ် တွင် ထုတ်လုပ်သည့် နွေရာသီဝတ်လက်တို ဒီဇိုင်း ဖြစ်ကြောင်းလည်း အဆိုပါ မီဒီယာများက ဖော်ပြထားသည်။ 

အဆိုပါ အင်္ကျီကို ယခုကဲ့သို့ အခြေအနေမျိုးတွင် အမှုထမ်းများ ဝတ်ဆင်ရန် အထူးပုံစံ ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သည်။

Weibo တွင် တင်ထားသည့် ပုံတွင် ကျန်ကျိုးဆန္ဒပြပွဲများတွင် ယင်းအင်္ကျီကို ဝတ်ထားသည် ရဲသားတစ်ဦးကို ဖော်ပြထားပြီး ယင်းက ယင်းအရပ်ဝတ်များသည် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ပြနေကြောင်း ဆိုသည်။

အထူးသဖြင့် အဖြူရောင်အင်္ကျီဝတ်ထားသည့် လူများက ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့ သည် ကို တွေ့မြင်ရသည်။ ဆန္ဒပြသူများသည် ဒေသခံရဲများ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး နေအိမ်များသို့ ပြန်ရောက်ပြီး နောက်တွင်လည်း ၎င်းတို့၏ Wechat များ ထိန်းချုပ်ခံခဲ့ရကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကိုရရှိခဲ့သည့် ငွေအပ်နှံသူများ၏ ဆန္ဒပြမှုများ နောက်တွင်၊ ထိန်းချုပ်ထားသော အပ်နှံငွေအချို့ကို ကျေးလက်ဘဏ်များကိုယ်စား ဟူနန်ပြည်နယ် အာဏာပိုင် များက ပြန်ပေးမည်ဟု ပထမဦးစွာ ကတိပြုခဲ့သည်။

ဒေသတွင်းဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ဟိုင်နန်ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ကွပ်ကဲမှုဗျူရိုတို့၏ ပူးတွဲ ထုတ်ပြန်ချက်ကို ကိုးကား၍ ငွေပြန်ထုတ်ပေးမှုများကို ဇူလိုင် ၁၅ ရက်တွင် ပထမအကြိမ်အဖြစ် စတင် မည် ဖြစ်ပြီး အသုတ်လိုက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ကျေးလက်ဘဏ် ၄ ခုသည် ဧပြီလကတည်းက ဒေါ်လာသန်းပေါင်းများစွာ ရှိသည့် အပ်ငွေများကို ထိန်းချုပ်ခဲ့ပြီး ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုဖြင့် အထိနာနေသော စီးပွားရေးအခြေအနေ တွင် ထောင်ပေါင်းများစွာသော သုံးစွဲသူများ၏ အသက်မွေးဝမ်းကြောင်းကို ပိုမိုဆိုးရွားစေခဲ့သည်။

ရာနှင့်ချီသောအရေအတွက်ရှိသည့် ငွေအပ်နှံထားသူများသည် ပြည်နယ်မြို့တော် ကျန်းကျိုးမြို့တွင် ဆန္ဒပြမှုများစွာ ပြုလုပ်ခဲ့သော် လည်း တောင်းဆိုချက်များကို အာဏာပိုင်များက လျစ်လျူရှုထားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly