ကလေးများအပေါ် ကိုယ်ကျိုးရှာ အသုံးချထားသည့် ဗီဒီယိုဖိုင်များရောင်းခဲ့သော တရုတ်နိုင်ငံသားကို ဇမ်ဘီယာက မလာဝီသို့ လွှဲပြောင်းပေး

ကလေးများအပေါ် ကိုယ်ကျိုးရှာ အသုံးချထားသည့် ဗီဒီယိုဖိုင်များရောင်းခဲ့သော တရုတ်နိုင်ငံသားကို ဇမ်ဘီယာက မလာဝီသို့ လွှဲပြောင်းပေး

မလာဝီမှ ကလေးများကို ကိုယ်ကျိုးရှာအသုံးချ ရိုက်ကူးထားသည့် ဗီဒီဖိုင်များကို တရုတ်နိုင်ငံအား ရောင်းခဲ့သော စွပ်စွဲချက်ကြောင့် လွန်ခဲ့သောလက ထွက်ပြေးသွားခဲ့သော တရုတ်နိုင်ငံသားကို ဇမ်ဘီယာ အာဏာပိုင်များက မလာဝီသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။

လျူကဲကို ဇမ်ဘီယာနယ်စပ်က မက်ဟင်ဂျီဒေသ၌ ဇူလိုင် ၁၆ ရက်ညက လွှဲပြောင်းရယူခဲ့ကြောင်း မလာဝီရဲများက ဇူလိုင် ၁၇ ရက်တွင် ပြောသည်။

“သူ့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဇမ်ဘီယာက လုပ်ဖော်ကိုင်ဖက်တွေက လွှဲပြောင်းပေးခဲ့တာပါ။ သူ့ကို လူကုန်ကူးမှုနဲ့ တရားစွဲထားပါတယ်။ တခြားစွဲချက်တွေလည်း ထပ်ထည့်နိုင်ပါတယ်” ဟု မလာဝီရဲတပ်ဖွဲ့မှ ဒုပြောရေးဆိုခွင့်ရှိသူ ဟယ်ရီနမ်ဝါဇာက ပြောသည်။

BBC ၏ လေ့လာစုံစမ်းမှုအရ လျူကဲသည် မလာဝီနိုင်ငံအလယ်ပိုင်းရွာများမှ ကလေးငယ်များကို အဆိုပါ တရုတ်နိုင်ငံသားက လူမျိုးရေးခွဲခြားသော စာသားများအား တရုတ်လိုရွတ်ဆိုခိုင်းကာ ဗီဒီရိုက်ရိုက်ကူးခဲ့သည်။

စုံစမ်းစစ်ဆေးမှုအပြီးတွင် ရဲများက ၎င်းအား ရှာဖွေခဲ့ကြသော်လည်း လျူကဲသည် ဇမ်ဘီယာနိုင်ငံသို့ ထွက်ပြေး သွားခဲ့သည်။

တရုတ်လို ရွတ်ဆိုထားသော ဗီဒီယိုဖိုင်တစ်ခုတွင် ကလေးများက ‘လူမည်းဘီလူးများ’ ‘ဉာဏ်ရည်နိမ့်ပါးသူများ’ ဟု သူတို့ကိုယ်သူတို့ ပြောဆိုထားကြသည်။

အဆိုပါဗီဒီယိုများကို တရုတ်ဝက်ဘ်ဆိုက်တစ်ခုသို့ ဖိုင်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၇၀ ဖြင့် ရောင်းချပြီး ဗီဒီယို၌ပါရှိသည့် ကလေးငယ်များကို တစ်ဦးလျှင် ဆင့် ၅၀ ပေးဆောင်ခဲ့ကြောင်း BBC သတင်းဌာနကို ကိုးကား၍ VOA က ဖော်ပြသည်။

မလာဝီလူ့အခွင့်အရေးအဖွဲ့များစွာက ရိုက်ကူးထားသည့်ဗီဒီယိုဖိုင်များကို မကျေနပ်သဖြင့် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး မလာဝီမြို့တော် လီလွန်ဂွေရှိ တရုတ်သံရုံးသို့ စုပေါင်းကန့်ကွက်လွှာကို တင်သွင်းခဲ့ကြရာတွင် မသိနားမလည်သော ဘာသာစကားပြောဆိုခိုင်းကာ အလှည့်စားခံရသော ကလေးများအတွက် တရုတ်အစိုးရအနေဖြင့် လျော်ကြေးပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly