တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ဇူလိုင်လ၏ အမြင့်ဆုံးအဖြစ် ၂၄ နာရီအတွင်း ၆၀ဝ ကျော်တွေ့ရှိ

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ဇူလိုင်လ၏ အမြင့်ဆုံးအဖြစ် ၂၄ နာရီအတွင်း ၆၀ဝ ကျော်တွေ့ရှိ

တရုတ်နိုင်ငံတွင်၊ ဇူလိုင်လ ၁၇ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၆၀ဝ ခန့်ရှိကြောင်း အမျိုးသား ကျန်းမာ ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ ဇူလိုင်လအတွင်း နေ့စဉ်တွေ့ရှိမှုနှုန်း အမြင့်ဆုံး အဖြစ် မှတ်တမ်းတင်ခဲ့သည်။

တရုတ်တွင် နေ့စဉ် ၄၀ဝ ကျော်တွေ့ရှိသည်မှာ ၃ရက်ရှိသွားပြီ ဖြစ်သည်။

ဇူလိုင်လ ၁၇ရက်တရားဝင်အချက်အလက်များအရ ဇူလိုင်လ ၁၆ရက်တွင် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြသောကူးစက်မှု ၄၇၄ ဦးနှင့်အတူ ကူးစက်ခံရသူ အသစ်၁၀၆ ဦး တွေ့ရှိခဲ့သည်။

နေ့စဉ်ကူးစက်မှုအသစ်များသည် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် အစီရင်ခံမှုအများဆုံးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလှိုင်းသစ်သည် အိုမီခရွန်မျိုးကွဲအသစ်များဖြင့် အစပျိုးခဲ့ပြီး ဇူလိုင်လကတည်းက ဒေသ ၁၂ ခုတို့တွင် မျိုးကွဲ ၉ မျိုးကူးစက်ပျံ့နှံ့နေကြောင်း Global Times သတင်းများက ဖော်ပြခဲ့သည်။

ကိန်းဂဏန်းအချက်အလက်များအရ တရုတ်တောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အတည် ပြုလူနာ ၉ ဦးနှင့် ရောဂါလက္ခဏာမပြသောရောဂါဖြစ်ပွားသူ ၂၃၅ ဦးကို အစီရင်ခံခဲ့ပြီး တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ဂန်စု ပြည်နယ်တွင် အတည်ပြုလူနာ ၅၃ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၁၀၅ ဦးရှိခဲ့သည်။

မကြာသေးမီက ပြင်းထန်သောရောဂါဖြစ်ပွားမှုမှ ထွက်ပေါ်လာသည့် ရှန်ဟိုင်းသည် ဇူလိုင်လ ၁၇ရက်တွင် ရောဂါလက္ခဏာမပြသောရောဂါဖြစ်ပွားမှု ၂၄ ဦး အပါအဝင် ပြည်တွင်းကူးစက်ခံရသူ ၂၆ ဦးတွေ့ရှိခဲ့သဖြင့် ရောဂါဖြစ်ပွားသူ ဦးရေမြင့်တက်လာသည်ကို တွေ့ရသည်။

ကွမ်ရှီပြည်နယ် ပေဟိုင်းမြို့တွင် အိုမီခရွန်ကူးစက်မှု အများဆုံးဖြစ်ခဲ့ပြီး နေ့စဉ်ကူးစက်ခံရသူ ၂၄၁ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly