တရုတ်၏ အာဖရိကချေးငွေသည် ကမ္ဘာကို နောက်ထပ်စီးပွားရေး အကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ဂျာမနီ သတိပေး

တရုတ်၏ အာဖရိကချေးငွေသည် ကမ္ဘာကို နောက်ထပ်စီးပွားရေး အကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ဂျာမနီ သတိပေး

ဆင်းရဲသောနိုင်ငံများ အထူးသဖြင့် အာဖရိကတွင် တရုတ်ချေးငွေပြဿနာများက ကြီးမားသောအန္တရာယ်ကို ညွှန်ပြနေကြောင်းနှင့် ယင်းပြဿနာသည် ကမ္ဘာကြီးအား နောက်ထပ် ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျဆင်းသွားစေနိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် စကိုးဇ်က သတိပေးလိုက်သည်။

''မ္ဘာ့တာင်ဘက်ခြမ်းတွင် နောင်လာမည့် ကြွေးမြီအကျပ်အတည်းသည် ကမ္ဘာတစ်ဝန်းလုံးကို တရုတ်က ပေးထားသော ချေးငွေများမှအစပြု၍ဖြစ်ပေါ်လာမည့် အန္တရယ်ရှိနေပါတယ်” ဟု စကိုးဇ်က ပြောကြားခဲ့သည်။

'ဒါက တရုတ်နဲ့ ကမ္ဘာတောင်ဘက်ခြမ်း နှစ်ဘက်စလုံးကို စီးပွားရေးနဲ့ ဘဏ္ဍာရေး အကျပ်အတည်းထဲ ကျရောက် သွားစေနိုင်ပြီး မတော်တဆ ကျန်ကမ္ဘာကြီးကိုလဲ ချန်ထားခဲ့မှာ မဟုတ်ဘူး။ ဒါက စိုးရိမ်စရာပါပဲ' ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော “ကြွေးမြီထောင်ချောက်” မူဝါဒသည် နိုင်ငံများစွာ၏ ဆိုးရွားလှသော စီးပွားရေးအခြေအနေအတွက် လုံးဝတာဝန်ရှိနေသည်။

ဖွံ့ဖြိုးဆဲကမ္ဘာတွင် တရုတ်မှ ချေးထားသော များပြားပြီး ရေရှည် အကျိုးမဖြစ်ထွန်းစေသည့်ကြွေးမြီများက ယင်းနိုင်ငံများအား စီးပွားရေးမှီခိုမှုနှင့် နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုများဖန်တီးခဲ့သည်။

တရုတ်က ၎င်း၏ ပြည်ပချေးငွေများသည် နှောင်ကြိုးမပါဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထိန်းချုပ်မှုကို အဓိကထား ကာ အခြားနိုင်ငံများ၏ မိမိတို့ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်ပိုင်ခွင့်ကို လေးစား လိုက်နာ ကြောင်း အမြဲပြောကြားခဲ့သည်။

'ကျွန်တော်တို့ရဲ့ အလွန်ကြီးမားတဲ့ ရည်မှန်းချက်တွေထဲက တစ်ခုက နည်းလမ်းသစ်တွေနဲ့ ငွေချေးတဲ့နိုင်ငံ အဖြစ် တရုတ်ပေါ်ထွက်လာရေးပါ' ဟု ဂျာမန်အဓိပတိ အိုလက်ဖ်က ပြောကြားခဲ့ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် အာဖရိကတွင် ယူရိုငွေ ဘီလီယံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required