ရှန်ဂရီလာဆွေးနွေးပွဲတွင် တရုတ်က အခြားနိုင်ငံများနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေ

ရှန်ဂရီလာဆွေးနွေးပွဲတွင် တရုတ်က အခြားနိုင်ငံများနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေ

အာဏာရှင် တရုတ်နိုင်ငံက အခြားနိုင်ငံများနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေပြီး အာရှနှင့် ကမ္ဘာတွင် ငြိမ်းချမ်းရေးယူဆောင်လာမည့်ကိစ္စရပ်နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များ ရှိနေသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်ဟော်က ဇွန်လ ၁၂ ရက်က စင်္ကာပူတွင် ကျင်းပသည့် ရှန်ဂရီ လာဆွေးနွေးပွဲစင်မြင့်ပေါ်သို့ တက်ရောက်လာသောအခါ အဆိုပါအချက်သည် ထင်ရှားပေါ်လွင်ခဲ့သည်။

ဗြိတိန်အခြေစိုက်နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးသိပ္ပံမှ စီစဉ်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် အာရှနှင့် အနောက်တိုင်း ကာကွယ်ရေးဝန်ကြီးများကို စုစည်းထားသည်။ နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် ၃ နှစ်ကြာ ဆိုင်းငံ့ထားခဲ့ရသည်။

ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ ဝေက စကားပြောဆိုခဲ့ရာတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကဲ့သို့သော အခြားသော ဂုဏ်သရေရှိသူများကို ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

စစ်ရေးအလေးပြုမှုဖြင့် အဖွင့်စခဲ့ပြီး တရုတ်စစ်တပ်ဒုံးပျံတပ်ဖွဲ့ (PLARF) ၏ တပ်မှူးဟောင်းတစ်ဦးလည်း ဖြစ်သူ ဝေက ခြေလှမ်း ကျဲကျဲဖြင့် ခပ်မြန်မြန်လှမ်းဝင်လာခဲ့သည်။

'ထိုင်ဝမ်ကို တရုတ်ကနေ ခွဲထွက်ဖို့ ကြိုးစားရင် ဘယ်သူကိုမဆို တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ အသေအကြေတိုက်ပွဲဝင်မယ်။ အဆုံးထိ တိုက်ပွဲဝင်မယ်။ ဒါက တရုတ်အတွက် တစ်ခုတည်းသော ရွေးချယ်မှုပဲ' တရုတ်က ဒီမိုကရေစီနိုင်ငံထိုင်ဝမ်ကို ကျူးကျော်ရန် ရည်ရွယ်ချက်ကို အစိုးရအသီးသီး၏ တာဝန်ရှိ ပုဂ္ဂိုလ်များရှိသောနေ နိုင်ငံတကာအခမ်းအနားတစ်ခုတွင် တရုတ်အစိုးရအကြီးတန်းအရာရှိတစ်ဦးက လူသိရှင်ကြား ကြေညာခဲ့သည်။

ပြည်သူများအား စစ်ရေးအရ တိုက်ခိုက်မည်ဟု နိုင်ငံတကာအခမ်းအနားတစ်ခုတွင် ဝေ၏ ခြိမ်းခြောက်မှုက တရုတ်သည် ဒေသတွင်း ဒုက္ခပေးနေ သည့် တကယ့်အရင်းအမြစ်ဖြစ်ကြောင်း သက်သေပြခဲ့သည်ဟု ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီက ချက်ချင်းတုံ့ပြန်ခဲ့သည်။

ဝေ၏ မှတ်ချက်များသည် ''စစ်ကြေညာခြင်း'' နှင့် တူညီသည်ဟု ကောင်စီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly