တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက နိုင်ငံ၏စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက နိုင်ငံ၏စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့

တရုတ်သည် အသွားအလာပိတ်ဆို့မှုများနှင့် ကန့်သတ်မှုများ အကြီးအကျယ်လုပ်ဆောင်ကာ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ကာကွယ်ရန် ရည်ရွယ်၍ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စတင်အကောင်အထည်ဖော်ခဲ့သော်လည်း လက်တွေ့ တွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။

နိုင်ငံစာရင်းအင်းဗျူရို၏ ဇူလိုင် ၁၅ ရက် အချက်အလက်များအရ စီးပွားရေးတိုးတက်မှုသည် ဒုတိယ ၃ လပတ်တွင် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၀ ဒသမ ၄ ရာခိုင်နှုန်းသာပြခဲ့ပြီး စီးပွားရေးပညာရှင်များ မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားကာ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်နောက်ပိုင်း အဆိုးဆုံးဖြစ်သည်။

တရုတ်သည် ကပ်ရောဂါအစောပိုင်းအဆင့်များကို တိုက်ဖျက်ရန် ၂၀၂၀ ခုနှစ်က ဈေးကွက်ကို ပိတ်ပစ်ခဲ့ကာ စီးပွားရေးသည် နှစ်ပေါင်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့သည်ဟု The New York Times က ဖော်ပြသည်။ အလုပ်လက်မဲ့ဖြစ်မှု၊ အိမ်ရာဈေးကွက်နှင့်  လုပ်ငန်းငယ်များမှာလည်း ရှုပ်ထွေးလျက်ရှိသည်။

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က စီးပွားရေးတိုးတက်မှုကို ကြည့်လျက် မေလက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သလို ယင်းသတိပေးချက်က ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုရည်မှန်းချက် ၅ ဒသမ ၅ ရာခိုနှုန်းသို့ ရောက်ရှိရေး တရုတ်၏ စွမ်းဆောင်ချက်အပေါ် သံသယဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံ၏ နှေးကွေးသော စီးပွားတိုးတက်မှုသည် နဂိုကတည်းက ဆတ်ဆတ်ထိမခံသည့် ပျက်စီးနေသော ကမ္ဘာ့စီးပွားရေးကို ရှုပ်ထွေးစေသည်။ ယူကရိန်းတွင် ရုရှား၏စစ်ရေးလှုပ်ရှားမှုကြောင့် စွမ်းအင်စျေးနှုန်းများ တက်လာပြီး ဥရောပတစ်ဝန်းရှိ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်နေချိန်တွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် အမေရိကန်၌ စီးပွားရေးကျဆင်းမှုအန္တရာယ်ကို မြင့်မားစေသည်။

သို့သော် တရုတ်သည် အရှိန်အဟုန်ဖြင့် စီးပွားရေး တိုးတက်လာခြင်း မရှိတော့ပေ။

ကိုဗစ်ကန့်သတ်ချက်များနှင့် အိမ်ခြံမြေဈေးကစားမှုများကို နှိမ်နင်းခြင်းနှင့် တရုတ်နည်းပညာကုမ္ပဏီများ၏စွမ်းဆောင်ရည်ကို ထိန်းချုပ်ခြင်း စသော မူဝါဒများကြောင့် နိုင်ငံ့စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required