တရုတ်တွင် ရေကြီးမှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးရ

တရုတ်တွင် ရေကြီးမှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အနောက်မြောက်ဘက်တို့တွင် ရေကြီးရေလျှံမှုများကြောင့် လူ တစ်ဒါဇင်ထက်မနည်းသေဆုံးပြီး ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင် သတင်းဌာန CGTN ကဖော်ပြသည်။

အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ပြီးနောက်ပိုင်း လူ ၆ ဦး သေဆုံးကာ ၁၂ ဦးပျောက်ဆုံးနေသည်ဟု CGTN က ဇူလိုင် ၁၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ဇူလိုင် ၁၆ ရက်အထိ လူပေါင်း ၁ ၃၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းထားသည်ဟု ဆိုသည်။

ထို့အတူ အနောက်မြောက်ပိုင်း ဂန်းစုပြည်နယ်ရှိ လျောင်နန်မြို့တွင်လည်း နောက်ထပ် ၆ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ ၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားကြောင်း နိုင်ငံပိုင်းသတင်းဌာန CCTV က ပြောသည်။ အဆိုးဆုံးခံစားရသောဒေသများတွင် မိုးရေချိန်သည် ၁ ရက်ခွဲအတွင်း ၉၈ ဒသမ ၉ မီလီမီတာရှိကာ ဇူလိုင်ပျမ်းမျှ မိုးရေချိန်ထက် ၂ ဆဖြစ်သည်။
 
အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်နှင့် ရှန်ဟိုင်းအပါအဝင် နိုင်ငံ၏ တချို့နေရာတွင် အပူလှိုင်းဖြတ်နေသည့်အကြား မိုးကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် ယခုကဲ့သို့ ပြင်းထန်သော မိုးလေဝသအခြေအနေများ ပိုမိုကြုံတွေ့လာနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ပို၍ပူနွေးသောလေသည် ရေခိုးရေငွေ့များကို ပိုသိုလှောင်ကာ သည်းထန်သော မိုးများ ရွာသွန်းစေသည်။

ခရီးသွားလာမှုကန့်ခြင်းနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်စေသော တင်းကျပ်သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းသက်ရောက်မှုကြောင့် စီးပွားရေးဒုက္ခများ ကြုံတွေ့နေရချိန်တွင် ရေကြီးမှုများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly