နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဂျီ-၇ ထိပ်သီးအစည်းအဝေးများတွင် တရုတ်အရေး အဓိကထား ဆွေးနွေး

နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဂျီ-၇ ထိပ်သီးအစည်းအဝေးများတွင် တရုတ်အရေး အဓိကထား ဆွေးနွေး

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် မကြာသေးမီက ကျင်းပခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) ထိပ်သီးအစည်း အဝေးနှင့် ဂျာမနီ၌ ကျင်းပခဲ့သည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးက အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရည်မှန်းချက်များနှင့် “အကျပ်ကိုင်သောမူဝါဒများ” အပေါ် ဖိအားပိုမိုပေးခဲ့မှုများ တိုးလာခဲ့သည်။

ဥရောပခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း တရုတ်ကို ပိုမိုသတိထားလာခဲ့ပြီး တရုတ်က 'ရုရှ၏ ယူကရိန်းကို ကျူးကျော်မှုကို ရှုတ်ချရန် ငြင်းဆိုခဲ့ပြီးနောက်' အဆိုပါအမြင်များ ပိုမိုခိုင်လာခဲ့သည်ဟု Global Strat View က ဖော်ပြခဲ့သည်။

ဇွန်လ ၂၉ ရက်မှ ၃၀ ရက်အထိ စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် နေတိုး၏ မဟာဗျူဟာ အယူအဆတွင် တရုတ်နှင့်ပတ်သက်ပြီး ထည့်သွင်းခဲ့သည်။

နိုင်ငံပေါင်း ၃၀ ပါဝင်သော စစ်ရေးမဟာ မိတ်အဖွဲ့သည် ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ထုတ်ပြန်ခဲ့ပြီး လက်တွေ့ဖော်ဆောင်မှုလမ်းကြောင်းကို အကြမ်းဖျင်းပုံဖော်နေစဉ် တရုတ်ရည်မှန်းချက်များနှင့် 'အကျပ်ကိုင်မူဝါဒများ' သည် မဟာမိတ်များ၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် တန်ဖိုးများကို စိန်ခေါ်နေကြောင်း ဆိုခဲ့သည်။

ထိပ်သီးအစည်းအဝေး၏ ကြေညာချက်နှင့် 'မဟာဗျူဟာ အယူအဆ' စာတမ်းတွင် တရုတ်ကို အထူးဖော်ပြထားသည်။

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ်က တရုတ်သည် ရန်သူမဟုတ်သော်လည်း မဟာမိတ် အတွက် ကြီးမားသောစိန်ခေါ်မှုများကို ပြုလုပ်နေသည်ဟု Global Strat View က ဖော်ပြခဲ့သည်။

'တရုတ်ရန်လိုမှု များလာခြင်းနှင့် အကျပ်ကိုင် မူဝါဒများသည် မဟာမိတ်များနှင့် မိမိတို့၏ မိတ်ဖက်များ၏ လုံခြုံရေးအတွက် အကျိုးဆက်များ ရှိနေသည်' ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မဟာဗျူဟာအယူအဆသစ်သည် နေတိုးအဖွဲ့၏ ပုံစံပြောင်းလဲမှုကို ၂၀၂၁ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သော နေတိုး ၂၀၃၀ အစီအစဉ်နှင့်အညီ အကြမ်းဖျင်းပုံဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required