တရုတ်စက်မှုလုပ်ငန်းများက ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချ နိုင်ရေး ပါကစ္စတန်သို့ ပြောင်းရွှေ့ရန် စီစဉ်

တရုတ်စက်မှုလုပ်ငန်းများက ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချ နိုင်ရေး ပါကစ္စတန်သို့ ပြောင်းရွှေ့ရန် စီစဉ်

တရုတ်စက်မှုလုပ်ငန်းများက ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရန် လုပ်သားအများအပြားသုံးရသည့် အထည် အလိပ်ကဲ့သို့သော လုပ်ငန်းများကို ပါကစ္စတန်သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်။

တရုတ်က အမေရိကန်ဈေးကွက်များ ပြန်လည်ရရှိရန် ထုတ်ကုန်များစွာမှ “တရုတ်တွင် ထုတ်လုပ်သည်” ဟူ သော အမှတ်တံဆိပ်ကို ဖယ်ရှားရန် နယ်နိမိတ်များကျော်လွန်၍ ယင်း၏ စက်မှုလုပ်ငန်းယူနစ်များကို ပြောင်းရွှေ့ နေခြင်းကြောင့် ပါကစ္စတန်သည် တရုတ်စက်မှုလုပ်ငန်းအချို့နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆို နိုင်သည်ဟု The Express Tribune က ဖော်ပြခဲ့သည်။

လုပ်အားခသည် ပါကစ္စတန်ထက် မြင့်မားပြီး လူဦးရေအားဖြင့် ဈေးကွက်သေးငယ်သော်လည်း တရုတ်စက်မှု လုပ်ငန်းနှင့် တရုတ်စက်မှုလုပ်ငန်းအများအပြားသည် ကမ္ဘောဒီးယား၊ လာအိုနှင့် အီသီယိုးပီးယား တို့အထိ သွားရောက်လုပ်ကိုင်နေကြခြင်းသည် ပါကစ္စတန်တွင် တရားဥပဒေစိုးမိုးရေး၊ လုပ်သားကုန်ထုတ်စွမ်းအားကဲ့သို့ သော အတားအဆီး များကြောင့် မဆွဲဆောင်နိုင်ခြင်းဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။

စီးပွားရေးမူဝါဒဆိုင်ရာ ထောက်ခံအားပေးသော ဌာနတစ်ခုဖြစ်သည့် ပါကစ္စတန်စီးပွားရေးကောင်စီ (PBC)က ပါကစ္စတန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အတားအဆီးများကို အလေးထားဖော်ပြရန် ၂၀၂၂ခုနှစ် မေလတွင် ပါကစ္စတန်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုခြင်း - CPEC တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို အသုံးချခြင်း ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ဝေခဲ့သည်။

PBC လေ့လာမှုက ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးစေသည့် အခြေခံပြဿနာများကို ဖြေရှင်းရာတွင် မူဝါဒချမှတ်သူများအား လမ်းညွှန်ချက်ပေးရန် ရည်ရွယ်သည်ဟု ဆိုသည်။

ယင်းသည် ပါကစ္စတန်၏ စီးပွားရေးတွင် မလိုအပ်သည်များလျော့ချရေးနှင့် အဓိကအညွှန်းကိန်းများကို နှိုင်းယှဉ် ၍ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) မူဘောင်အောက်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ရင်ဆိုင်နေရသည့် အတားအဆီးများကို အလေးထားထောက်ပြခဲ့သည်။

အစီရင်ခံစာတွင် ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အဟန့်အတားဖြစ်စေသည့် ကျယ်ပြန့်သော ကိစ္စရပ်များကို ဖော်ပြထားသည်။

တရုတ်ထုတ်လုပ်သူများက အထူးသဖြင့် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့သော အရှေ့ တောင်အာရှရှိ နိုင်ငံများသို့ “တရုတ်တွင် ထုတ်လုပ်သည်” ဟူသော အမှတ်တံဆိပ်ကို ရှောင်ရှားရန် ယင်းတို့ ၏ စွမ်းဆောင်ရည်၏ တစ်စိတ်တစ်ပိုင်းကို ပင်လယ်ရပ်ခြားသို့  ပြောင်းရွှေ့သွားပုံရသည်ဟု The Express Tribune က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly