တရုတ်၏ အမြတ်အစွန်းများခဲ့သော မြန်နှုန်းမြင့်ရထားလမ်းများ ဒေါ်လာ ဘီလီယံ ၉၀ဝ နီးပါး အကြွေးတင်နေ

တရုတ်၏ အမြတ်အစွန်းများခဲ့သော မြန်နှုန်းမြင့်ရထားလမ်းများ ဒေါ်လာ ဘီလီယံ ၉၀ဝ နီးပါး အကြွေးတင်နေ

တရုတ်၏ အမြတ်အစွန်းများခဲ့သော မြန်နှုန်းမြင့်ရထားလိုင်းများသည် ယခုအခါ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ဝ နီးပါး အကြွေးတင်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဒေါ်လာထရီလီယံနှင့်ချီသော ဘေးဒုက္ခဆီသို့ ဦးတည်နေသည်။

ကြွေးမြီများ များလာနေချိန်တွင်ပင် တရုတ်နိုင်ငံတော် မီးရထားလုပ်ငန်းအုပ်စုသည် ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ချဲ့ထွင်ရန် နှစ်ဆတိုးလုပ်ဆောင်နေကြောင်း Nikkei Asia သတင်းစာက ဖော်ပြခဲ့ သည်။

တရုတ်မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်သည် ကီလိုမီတာ ၄၀,ဝဝဝ ကျော်လွန်နေပြီး ကွန်ရက်ချဲ့ထွင်မှု လျော့ချမည့် အရိပ်အယောင် အနည်းငယ်သာ တွေ့ရသေးသည်။

တရုတ်မီးရထားလမ်းသည် ၂၀၂၅ခုနှစ်တွင် ကီလိုမီတာ ၅၀ဝ၀ဝ နှင့် ၂၀၃၅ ခုနှစ်တွင် ကီလိုမီတာ ၇၀ဝ၀ဝ အထိ ရောက်ရှိရန် စီစဉ်ထားပြီး ၂၀၂၁ခုနှစ်မှ ၇၀ ရာခိုင်နှုန်းအကြမ်းဖျင်းခုန်တက်လာခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

အလုပ်အကိုင်ဖန်တီးရေးနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်မျှော်လင့်ချက်များဖြင့် ဒေသန္တရ အစိုးရများသည် စီမံကိန်းအသစ်များကို ဆွဲဆောင်ရန် အပြိုင်အဆိုင်ကြိုးစားနေချိန်တွင် ယင်းလျင်မြန်သည့် တိုးချဲ့မှုများဖြစ်ပေါ်လျက်ရှိသည်။

တရုတ်စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အစိုးရက ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေစဉ် ယင်းအရှိန်အဟုန်မြင့်မားသည့်လုပ်ဆောင်ချက်သည် နိုင်ငံပိုင်မီးရထားလိုင်း၏ စုစုပေါင်း ကြွေးမြီများကို များပြားစေခဲ့ပြီး ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းအထိ ကြွေးမြီ အမေရိကန်ဒေါ်လာ ၈၈၂ ဘီလီယံ (ယွမ် ၅ ဒသမ ၉၁ ထရီလီယံ) ရှိလာခဲ့သည်။

ယင်းထိတ်လန့်ဖွယ် ကိန်းဂဏန်းသည် တရုတ်ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။ ကိန်းဂဏန်းက ပိုမိုများလာနိုင်ခြင်းကြောင့် တရုတ်စီးပွားရေး အလားအလာအပေါ် စိုးရိမ်မှုများ တိုးလာကြောင်း ဂျပန်သတင်းစာက ပြောကြားသည်။

“အစိုးရရဲ့ ဦးစားပေးက စီးပွားရေးတိုးတက်မှုဖြစ်ပြီး အကြွေးပြန်ဆပ်တာကို ဂရုမစိုက်ပေမယ့် ရထားလမ်း တစ်ကီလိုမီတာကို တည်ဆောက်ဖို့ ယွမ် သန်း ၁၂၀ မှ သန်း ၁၃၀ ကုန်ကျပါတယ်” ဟု ပေကျင်း ကျောက်တုန် တက္ကသိုလ်မှ ပါမောက္ခနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ကျောက်ကျန်းက ပြောကြားခဲ့သည်။

ကီလိုမီတာ ၃၀ဝ၀ဝ တိုးချဲ့ရန် အကြမ်းဖျင်းအားဖြင့် ယွမ် ၃ ဒသမ ၆ ထရီလီယံ လိုအပ်မည်ဟု သတင်းက ဆိုသည်။

Nikkei Asia ၏ အဆိုအရ China Railway သည် ကုန်ကျစရိတ်ကာမိစေရန် နိုင်ငံပိုင်ဘဏ်များနှင့် ပွဲစားများထံ ချေးငွေစာချုပ်များ ရောင်းချလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly