ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ

By ကိုရွှေမြိတ်
15 July 2022
ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ

ဇူလိုင် ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်တွင် ယမန်နေ့ ဇူလိုင်လ ၁၄ ရက်က ထောင် အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သား ၁၀ ဦးခန့်ကို ပြင်းထန်စွာရိုက်နှက်မှုများ ပြုလုပ်ခဲ့ ကြောင်း အဆိုပါထောင်နှင့် နီးစပ်သူများထံက သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၅ နာရီက အဆောင်ပိတ်ချိန်တွင် အကျဉ်းထောင်အရာရှိ အမှတ် (၃) အိပ် ဆောင်မှူး အောင်ဇော်ထက်ဆိုသူနှင့် ထောင်ဝန်ထမ်းများက ပုဒ်မ ၅၀၅ (က) ဖြင့် ချုပ်/ကျ နိုင်ငံရေး အကျဉ်းသား ၁၀ ဦးခန့်ကို အကြောင်းမဲ့ အကြမ်းဖက်ရိုက်နှက်ခဲ့သည်ဟု ထောင်နှင့်နီးစပ်သူများက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသား အချုပ်သား ၁၀ ယောက်လောက်ကို ထောင်အာဏာပိုင်တွေက ရေချိုး နောက်ကျ တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ရောက်ရိုက်နှက်တယ်လို့ သိရပါတယ်။ ထားဝယ်ထောင်မှာက လူများ တော့ ခါတိုင်းလည်း ဒီလိုပဲ ဖြစ်နေကြပါ”ဟု ထားဝယ်အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထားဝယ်အကျဉ်းထောင်၌ ရိုက်နှက်ခံရသူများထဲတွင် ပုဒ်မ ၅၀၅ (က)နှင့် ၁၉ (စ)တို့ဖြင့် အကျဉ်းကျခံနေ ရသည့် အသက် ၂၀ ကျော်အရွယ် လူငယ်များပါဝင်ကြောင်း သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#ထားဝယ်မြို့နယ်

#ထာဝယ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်သားများ

#ရိုက်နှက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly