အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒလိုင်းလားမား ၈၇ နှစ်မြောက်မွေးနေ့တွင် တိဗက်လူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်များအား လွတ်လပ်စွာရွေးချယ်ခွင့်ကို ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒလိုင်းလားမား ၈၇ နှစ်မြောက်မွေးနေ့တွင် တိဗက်လူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်များအား လွတ်လပ်စွာရွေးချယ်ခွင့်ကို ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ဒလိုင်းလားမား ၈၇ နှစ်မြောက် မွေးနေ့တွင် တိဗက်လူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်များကို လွတ်လပ်စွာရွေးချယ်ခွင့်အပါအဝင် တိဘက်လူမျိုးတို့၏ ကွဲပြားသော ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများကို ထောက်ပံ့ ပေးခဲ့သည်။

''ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခါသမယတွင် ဆုမွန်တောင်းခဲ့ပါသည်။ ဘုန်းတော် ကြီး ဒလိုင်းလားမားသည် ငြိမ်းချမ်းရေး ထွန်းကားမှု၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုကို အားပေးကာ တိဗက် ဘာသာစကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တိဗက်လူမျိုးများနှင့် ကမ္ဘာတစ်ဝန်းရှိ လူများကို လမ်းပြပေးခဲ့သည်” ဟု ဘလင်ကန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''မိမိတို့၏ ဘာသာရေးခေါင်းဆောင်များကို လွတ်လပ်စွာရွေးချယ်နိုင်မှုအပါအဝင် တိဗက်၏ ထူးခြားသော ဘာသာစကား၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန် တိဗက်အသိုက်အဝန်း၏ ကြိုးပမ်းမှုများကို အမေရိကန်က ဆက်လက်ထောက်ခံမည်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၆ ရက်တွင် ၁၄ ဆက်မြောက် ဒလိုင်လားမား ၏ ၈၇ နှစ်မြောက် မွေးနေ့ကို ကမ္ဘာတစ်ဝန်းရှိ တိဗက် လူမျိုးများက ကျင်းပခဲ့ကြသည်။ အဝေးရောက်တိဗက်အစိုးရ၏ ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့(CTA) သည် ဒလိုင်လားမား ၏ ၈၇ နှစ်မြောက် မွေးနေ့ကို ဟိမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ ဒါရမ်ရှလာမြို့၌ ကျင်းပခဲ့သည်။

ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် နိုင်ငံခြားသားထောက်ခံသူများ အပါအဝင် ရာနှင့်ချီသော တိဘက်လူမျိုးများသည် ပင်မဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် စုဂလာခန်တွင် စုဝေးခဲ့ ကြသည်။

၂၀ဝ၇ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များသည် တိဘက်ဗုဒ္ဓဘာသာမှ ဘာသာရေးခေါင်းဆောင်အများစု ပါဝင်သော လူဝင်စား လားမားများကို အသိအမှတ်ပြုခြင်းကို ကန့်သတ်သည့် စည်းမျဉ်းများ ချမှတ်ခဲ့သည်။

ယင်းပြဋ္ဌာန်းချက်များအရ အရိုက်အရာဆက်ခံခြင်းကို နိုင်ငံတော်၏ခွင့်ပြုချက်မရှိဘဲ အသိအမှတ်မပြုကြောင်းနှင့် တရုတ်၏ နယ်နိမိတ်အတွင်း မွေးဖွားရမည်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required