ရေဦးမြို့နယ် မီးမန်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ရေဦးမြို့နယ် မီးမန်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ဇူလိုင်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမန်းကုန်းကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက် ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YE-U Urban Guerrilla အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ဇူလိုင်လ ၉ ရက်နေ့တွင် ရေဦးမြို့အနောက်ဘက်ခြမ်းရှိ စည်သာမြေရွာနှင့် အင်ပုထိုး ကျေးရွာအား Mi35 ရဟက်ယာဥ်လေးစီးဖြင့် နှစ်ကြိမ်လာရောက်ပစ်ခက်ခဲ့ပြီးနောက် တပ်သားများ ချထား ခဲ့တယ်ကြောင်း ဒေသခံများကပြောသည်။

“ ၉ ရက်နေ့က ရဟတ်ယာဥ်နဲ့လာပစ်ပြီး ချသွားတာ အင်အား ၁၀၀ ကျော်လောက်ရှိမယ်။ စည်သာမြေ ရွာနဲ့ ကူဖြူရွာကို မီးတင်ရှို့ပြီး ဘေးပတ်လည်ကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ တိုက်ပွဲဖြစ်တာကတော့ မီးမောင်းကုန်းရွာနားမှာဖြစ်တာ ။ ပေ၁၀၀ လောက်အတွင်း ထိပ်တိုက်ဖြစ်ကြတာ” ဟု YE-U Urban Guerrilla အဖွဲ့တာဝန်ရှိသူကပြောသည်။

ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ကြာဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိ ကာ မီးမန်းကုန်းကျေးရွာအားမီးရှို့ဖျက်စီးခဲ့တယ်ကြောင်းသည်။

မီးမန်းကုန်းကျေးရွာမှာ ရေဦးမြို့နှင့် သုံးမိုင်ခန့်အကွာတွင် ရှိကြောင်းသိရသည်။

ယခုတိုက်ခိုက်မှုကို Special Attacking Force (Upper Burma)အဖွဲ့၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့၊ ရေဦးမြို့ပြပြောက်ကျား(YUG)အဖွဲ့၊ တန့်ဆည်ရွှေဘိုတပ်ရင်း(10)နှင့်ညီနောင်အဖွဲ့၊ YE-U Urban Guerrilla အဖွဲ့တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly