ကော့သောင်း ထောင်တွင်း တရားရုံးက မြိတ်ဒေသခံကို ထောင်ဒဏ် ၁၂ နှစ် အမိန့်ချ

ကော့သောင်း ထောင်တွင်း တရားရုံးက မြိတ်ဒေသခံကို ထောင်ဒဏ် ၁၂ နှစ် အမိန့်ချ

ဇူလိုင်လ ၁၂ ရက်

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ ကော့သောင်း အကျဉ်ထောင် တရားရုံးက ဇူလိုင်လ ၇ ရက်နေ့၌ မြိတ်ဒေသခံ အမျိုးသား တစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ် အမိန့် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ထောင်ဒဏ် ၁၂ နှစ် အမိန့် ချမှတ်ခံရသူမှာ ကိုအောင်မျိုးသန့် (ခ) ရေကျင်ငယ် ဆိုသူ ဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကော့သောင်း အကျဉ်ထောင်နှင့် နီးစပ်သူ တစ်ဦးက“ရေကျင်ငယ်ကို အမိန့် ချလိုက်ပါပြီ၊ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ပါ၊ ဘာပုဒ်မလည်း ဆိုတာ တိတိ ကျကျ မသိရပေမယ့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြစ်ဖို့များတယ်”ဟု ပြော သည်။

အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် အမိန့် ချမှတ်ခံရသည့် ကိုအောင်မျိုးသန့် (ခ) ရေကျင်ငယ် သည် မြိတ်ဒေသခံ တစ်ဦးဖြစ်ပြီး ခရီးသွားနေစဉ် ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်ကောင်စီက PDF အဖွဲ့စည်းကို ငွေကြေးနှင့် အခြား ထောက်ပို့များ ပြုလုပ်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီး အရေးယူပြီး ယခုလို နှစ်ရှည် ထောင်ဒဏ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly