ကျိုက်ထိုမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့ဝင်ကို Gods of Death အဖွဲ့မှရှင်းလင်း

ကျိုက်ထိုမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့ဝင်ကို Gods of Death အဖွဲ့မှရှင်းလင်း

ဇူလိုင်လ ၁၂ ရက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း Gods of Death အဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက် နံနက် ၁၀နာရီခန့်တွင် အဆိပ်ငွေ့စစ်ဆင်ရေးအနေဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

ပစ်ခတ်ရှင်းလင်းခံရသူမှာ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားပြီး ၎င်းကို ကျိုက်ထိုမြို့၌ G.O.D မြေအောက်တော်လှန်အဖွဲ့၏ အဆိပ်ငွေ့စစ်ဆင် ရေးအနေဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

G.O.D အဖွဲ့အနေဖြင့် တော်လှန်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဘုံရန်သူများအား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် တိုင်းနှင့်ပြည်နယ်များရှိ စစ်ကောင်စီလက် ပါးစေများနှင့် စစ်ကောင်စီထောက်တိုင်များအား အဆိပ်ငွေ့စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly