အာဖရိကနိုင်ငံများ၏ တစ်သီးပုဂ္ဂလ ကြွေးမြီ၏ သုံးပုံတစ်ပုံမှာ တရုတ်နိုင်ငံပေါ် တင်ရှိနေခြင်း ဖြစ် 

အာဖရိကနိုင်ငံများ၏ တစ်သီးပုဂ္ဂလ ကြွေးမြီ၏ သုံးပုံတစ်ပုံမှာ တရုတ်နိုင်ငံပေါ် တင်ရှိနေခြင်း ဖြစ် 

ဇူလိုင် ၁၂

တရုတ်အပေါ် အာဖရိကနိုင်ငံများ တင်ရှိနေသည့် ကြွေးမြီသည် တရုတ်မဟုတ်သော တစ်သီးပုဂ္ဂလ ချေးငှားသူများထံ တင်ရှိနေသည့် ကြွေးမြီ၏ သုံးပုံတစ်ပုံ ရှိနေပြီး အတိုးနှုန်းမှာမူ ထက်ဝက်ကျော်ရှိကြောင်း ကမ္ဘာ့အကြီးဆုံး နှစ်ဦးနှစ်ဖက် မြီရှင်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေးမှုကြား တနင်္လာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။ 

၂၀၂၀ ခုနှစ်က အာဖရိကတိုက်နိုင်ငံများ၏ အမေရိကန်ဒေါ်လာ ၆၉၆ ဘီလီယံ ပြည်ပကြွေးမြီ၏ ၁၂ ရာခိုင်နှုန်းသည် တရုတ်အစိုးရနှင့် ပုဂ္ဂလိက မြီရှင်များထံမှ ဖြစ်ပြီး ၃၅ ရာခိုင်နှုန်းကိုမူ အခြားသော တစ်သီးပုဂ္ဂလ မြီရှင်များက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သော Debt Justice က ကမ္ဘာ့ဘဏ် အချက်အလက်များကို သုတေသနဆန်းစစ်မှုအရ သိရသည်။ 

ထွန်းသစ်နိုင်ငံများသို့ တရုတ်၏ ကြွေးမြီချေးငှားခြင်းသည် အချို့သော နိုင်ငံများ၌ ကြွေးပူပြဿနာ ကြုံရခြင်းကြောင့် ပို၍ အာရုံစိုက်ပစ်မှတ်ထားလာပြီး အနောက်တာဝန်ရှိသူများက တရုတ်အနေဖြင့် ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြသည်။ သို့ရာတွင် ငွေစုစာချုပ်ကိုင်ဆောင်သူများနှင့် ရေနံကုန်သည်များလည်း ကြွေးမြီပြဿနာအတွက် ဝေဖန်စရာ ဖြစ်လာသည်။ 

 

“ကပ်ဘေးကာလအတွင်းက တရုတ်ဟာ ဂျီ-၂၀ ရဲ့ ကြွေးမြီရွှေ့ဆိုင်ရေး အစီအစဉ်မှာ ပါဝင်ခဲ့တယ်၊ ဒါပေမဲ့ တစ်သီးပုဂ္ဂလ မြီရှင်တွေကတော့ ပါဝင်လာခြင်း မရှိခဲ့ဘူး”ဟု မတရားချေးငွေကြောင့် ဆင်းရဲမွဲတေမှု ဖြစ်ရသည်ကို ဆန့်ကျင်သည့် ဗြိတိန်လူမှုအဖွဲ့အစည်းဖြစ်သည့် Debt Justice မှ မူဝါဒအကြီးအကဲ တင်မ် ဂျုံးက အီမေးလ်မှတစ်ဆင့် ဆိုသည်။ 

“အခုလို ပုဂ္ဂလိက ချေးငှားသူတွေ မပါဝင်ဘဲနဲ့တော့ ထိရောက်တဲ့ ကြွေးမြီဖြေရှင်းရေး ရှိလာမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။ 

 

၂၀၂၁ ခု၌ တရုတ်ကို ပေးဆပ်ရန်ရှိသော ကြွေးမြီ၏ ပျမ်းမျှအတိုးနှုန်းသည် ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပြီး တရုတ်မဟုတ်သော တစ်သီးပုဂ္ဂလ မြီရှင်များအတွက် အတိုးနှုန်းက ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ကမ္ဘာ့စာရင်းများကို အခြေခံပြီး Debt Justice ၏ တွက်ချက်မှုအရ သိရသည်။ 

အစိုးရဘဏ္ဍာဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကျော်ကို အကြွေးဆပ်နေရသည့် အာဖရိက ၂၄ နိုင်ငံကြားတွင် ကြီးမားသော မတူညီမှုများ ရှိနေသည်ဟုလည်း ယင်းက မှတ်ချက်ချသည်။ 

အင်ဂိုလာ၊ ကမ်မရွန်း၊ ကွန်ဂို၊ ဂျီဘူတီ၊ အီသီယိုပီးယားနှင့် ဇမ်ဘီးယားနိုင်ငံ ခြောက်နိုင်ငံသည် ၂၀၂၁ ၌ တရုတ်ချေးငှားသူများထံ ကြွေးမြီပေးချေမှု၏ သုံးပုံတစ်ပုံကျော်ကို ပေးဆပ်ခဲ့ပြီး အခြား ပုဂ္ဂလိက ချေးငှားသူများမှ နိုင်ငံ ၁၂ နိုင်ငံ ကြွေးမြီ၏ ၃၃ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly