“ လောင်းလုံးမှာ အနီရောင်လွှမ်းတဲ့တစ်နေ့ အာဏာရှင်ဆိတ်သုဉ်းခြင်းနိမိတ် ” ခေါင်းစဉ်ဖြင့် ထားဝယ်တွင်ဆန္ဒပြ

“ လောင်းလုံးမှာ အနီရောင်လွှမ်းတဲ့တစ်နေ့ အာဏာရှင်ဆိတ်သုဉ်းခြင်းနိမိတ် ” ခေါင်းစဉ်ဖြင့် ထားဝယ်တွင်ဆန္ဒပြ

ဇူလိုင် ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် “ လောင်းလုံးမှာ အနီရောင်လွှမ်းတဲ့တစ်နေ့ အာဏာရှင်ဆိတ်သုဉ်းခြင်းနိမိတ်” ခေါင်းစဉ်ဖြင့် ယနေ့ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (ထားဝယ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများထံမှသိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အဖွဲ့ အပါဝင် LGBT၊ အခြေခံပညာကျောင်းသူ/ သားများနှင့် လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြကာ စာစဥ်များကိုလည်း ဝေငှခဲ့ကြသည်။

စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန် ရည်ရွယ်ပြီး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှစ၍ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#နှင်းဆီရောင်

#အမျိုးသမီး

#အာဏာရှင်

#ထားဝယ်

#လောင်းလုံး

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly