စစ်ကောင်စီတပ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို မေ့မသွားရန် ကနီနယ် သပိတ်ခေါင်းဆောင်ပြော

စစ်ကောင်စီတပ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို မေ့မသွားရန် ကနီနယ် သပိတ်ခေါင်းဆောင်ပြော

ဇူလိုင်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်က ပြည်သူတွေကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ၁၆ ဦးအထိ သတ်ဖြတ်ခဲ့တာ တစ်နှစ်ပြည့်ပြီဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဇူလိုင်လ ၉ - ၁၀ ရက်တွင် စစ်ကောင်စီ၏ ကလေးအခြေစိုက် တပ်ရင်း -၂၂၈ ၊ တပ်မ -၄၄ ၊ တပ်မ -၉၉ စသည်တို့က မြို့နယ်အတွင်း ရောက်ရှိလာပြီး ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်ကုန်းအနီးတွင် ပြည်သူ ၂၆ ဦးကို ဖမ်းဆီးခဲ့သည်။ 

စစ်ကောင်စီတပ်သည် ဖမ်းဆီးခဲ့သည့်အထဲမှ အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ ၁၆ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ သတ်ဖြတ်ခံရသည့် ပြည်သူ့သူရဲကောင်းများအား ယမန်နေ့ တစ်နှစ်ပြည့်တွင် အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြောင်းနှင့် ကျူးလွန်သူ စစ်ကောင်စီတပ်များ တစ်ချိန်မှာ တာဝန်ခံရမှာဖြစ်ကြောင်း ပြည်သူများက ထိုအဖြစ်အပျက်များကို မေ့မသွားရန် သပိိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုပြည့်အောင်နိုင်က မဇ္ဈိမမှတစ်ဆင့် သတင်းစကားပါးပြောဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly