လူဦးရေအကျပ်အတည်းဖြစ်နေသည့် တရုတ်တွင် အမျိုးသမီးများကို ကလေးမွေးဖွားမှုအတွက် အကျိုးခံစားခွင့်များပေး

လူဦးရေအကျပ်အတည်းဖြစ်နေသည့် တရုတ်တွင် အမျိုးသမီးများကို ကလေးမွေးဖွားမှုအတွက် အကျိုးခံစားခွင့်များပေး

တရုတ်နိုင်ငံသည် လူဦးရေ တိုးလာစေရန်နှင့် နိုင်ငံ့လုပ်သားအင်အားကို အထောက်အကူဖြစ်စေရန် ကြိုးပမ်းသည့်အနေဖြင့် အမျိုးသမီးများ ကလေးဖွားခြင်းကို တိုက်တွန်းအားပေးရန် အခွန်နှင့် အိမ်ရာ ဆိုင်ရာခံစားခွင့်များ၊ ပညာရေးအကျိုးခံစားခွင့်များနှင့် ငွေသားစသော မက်လုံးများပေးလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလတွင် Global Times ၏ ဖော်ပြချက်အရ ၂၀၂၁ နှစ်အကုန်တွင် တရုတ်ပြည်မကြီး၏ လူဦးရေသည် ၁ ဒသမ ၄၁၃ ဘီလီယံရှိပြီး ကလေးမွေးဖွားမှုအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၁၀ ဒသမ ၆၂ သန်းအထိ ကျဆင်းသွားကာ သေဆုံးမှုအရေအတွက်နှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။

ကလေးမွေးဖွားခြင်းအပေါ် ထိန်းချုပ်မှုနှင့် အမျိုးသမီးများ၏အခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်မှုများသည် မိသားစုတစ်ခုထူထောင်ရန် မျှော်လင့်ထားသော မိဘအချို့အတွက် အခက်အခဲဖြစ်စေသည်။

တရုတ်ကွန်မြူနစ်ပါတီသည် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးသမီးများအား အတင်းအဓမ္မမကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်းတို့ကို ဆယ်စုနှစ်များစွာကြာအောင် လုပ်ဆောင် ခဲ့သည်။ ယင်းနောက် နိုင်ငံသည် လူဦးရေဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့နေရပြီး ယခုအခါ အမျိုးသမီး များကို ကလေး ၁ ဦးသာမက ၃ ဦးအထိ မွေးစေလိုနေခြင်းဖြစ်သည်။

သို့သော် တရုတ်သည် ပြင်းထန်လွန်းသော မိသားစုစီမံကိန်းမူဝါဒအားဖြင့် ကလေးမွေးဖွားနိုင်သူများကို အမိန့်ဩဇာများပေးနေသလို တစ်ကိုယ်ရေမိခင်များနှင့် လူနည်းစုများအား ခွဲခြားဆက်ဆံခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံတွင် မိစုံဖစုံမရှိသော ကလေးငယ်များသည် ဆေးအာမခံနှင့် ပညာရေးကဲ့သို့သော လူမှုရေး အကျိုးခံစားခွင့်များရရှိရန် ကာလကြာရှည်စွာ ရုန်းကန်နေရကြောင်း New York Times ဖော်ပြသည်။

ကိုယ်ဝန်ရှိနေသည့် တစ်ကိုယ်ရေအမျိုးသမီးများသည် မီးဖွားခွင့်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာမခံများ မရရှိပေ။ ကိုယ်ဝန်ဆောင်ထားရသဖြင့် အလုပ်ထုတ်ခံရသည့်အမျိုးသမီးများကိုလည်း ဥပဒေအရ ကာကွယ်ပေးခြင်းမရှိပေ။

ကလေးမွေးဖွားနှုန်းများ ဆက်လက်ကျဆင်းနေပါက နိုင်ငံအတွင်း လူငယ်ဦးရေ ကျဆင်းနေသဖြင့် လာမည့်နှစ်များတွင် တရုတ်နိုင်ငံ၏ လုပ်သားအင်အားမှာလည်း သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly