ဒလိုင်းလားမားက အဝေးရောက်တိဗက်များကို စနစ်ကျသည့်အသိုက်အဝန်းဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့

ဒလိုင်းလားမားက အဝေးရောက်တိဗက်များကို စနစ်ကျသည့်အသိုက်အဝန်းဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့

၁၄ ဆက်မြောက် ဒလိုင်းလားမား၏ အအောင်မြင်ဆုံးလုပ်ရပ်များမှာ အဝေးရောက်တိဗက်များကို စနစ်ဇယားရှိပြီး ခိုင်မာ အားကောင်းသော ဒုက္ခသည်အသိုက်အဝန်းအဖြစ် ဖွဲ့စည်းခြင်းနှင့် ပြည်ပ၌ တိဗက်အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာကို ပြန်လည်အသက်သွင်းခြင်းတို့ ဖြစ်ကြောင်း Tibet Press ကဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ တိဗက်လူမျိုးများသည် ဇူလိုင် ၆ ရက်တွင် ကျရောက်မည့် ဒလိုင်းလားမား၏ ၈၇ နှစ်မြောက်မွေးနေ့ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် ထောက်ခံသူများ၏စိတ်ထဲတွင် ‘ဒလိုင်းလားမားအနေဖြင့် အဝေးရောက်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ရရှိလိုက်သည့်အောင်မြင်မှု၊ တိဗက်မှ ထွက်လာခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဟုတ် မဟုတ်၊ ဒလိုင်းလားမားမရှိသည့်နောက် တိဗက်၏ အလား အလာနှင့် ဆက်ခံမည့်သူက တာဝန်မယူမီ ဒလိုင်းလားမားတွေ့ကြုံဖြေရှင်းရမည့် စိန်ခေါ်မှုများ စသည်တို့နှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေကြသည်။

ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က တိဗက်မှ ထွက်ပြေးခဲ့ချိန်တွင် တိဗက်လူမျိုး ၈၀ ၀၀၀ ခန့်သည် ပြည်ပသို့ လိုက်သွားခဲ့ကြကြောင်း Tibet Press ကဖော်ပြထားသည်။

လက်ရှိအချိန်တွင် အဝေးရောက်အသိုက်အဝန်းအတွက် ဆန္ဒမဲအခြေခံသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို တည်ထောင်ထားပြီး နိုင်ငံပေါင်း ၇၀ ကျော်၌ နေထိုင်သော တိဗက်လူမျိုးများ၏ လျှို့ဝှက်မဲဖြင့် ပါလီမန်နှင့် ဆစ်ခေါင် (သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်နှင့်တူညီသော ရာထူး) တို့ကို ပုံမှန်ရွေးချယ်ကြသည်။

အဝေးရောက်တိဗက်အစိုးရဖြစ်သည့် ‘ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့’ သည် အိန္ဒိယ ဟိမဝန္တာတောင်တန်းမြို့ ဒါရမ်ရှာလမ်တွင် ရုံးစိုက်ထားကာ အစိုးရဌာများတွင် ၎င်း၏ ဌာနခွဲများရှိသည်။

၁၁ ဦးမြောက် ပန်ချန်လားမား ပြန်ပေးဆွဲခံရသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကာ တိဗက်နှင့် ကမ္ဘာ့နိုင်ငံများရှိ တိဗက်လူမျိုးများက ပန်ချန်လားများကို ပြန်လည်တွေ့ရန် မျှော်လင့်နေဆဲဖြစ်သည်။

ဂတ်ဟန်ချိုကီညီမာကို ၁၉၈၉ ခုနှစ် ဧပြီ ၂၅ ရက်တွင် မွေးဖွားခဲ့သည်။ ၁၀ ဦးမြောက် ပန်ချန်လားမား သေဆုံးပြီးနောက် ဒလိုင်လားမားသည် ၁၉၉၅ ခုနှစ် မေ ၁၄ ရက်တွင် ဂတ်ဟန်ကို ၁၁ ဆက်မြောက် ပန်ချန်လားမားအဖြစ် ရွေးချယ်ခဲ့သည်။

၂၀၀၇ ခုနှစ် မေလတွင် ဘာသာရေးနှင့်ကိုးကွယ်ယုံကြည်မှုလွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အက်စမာဂျာဟန်ဂါက တရုတ်အစိုးရအနေဖြင့် ဂတ်ဟန် ကောင်းကောင်းမွန်မွန်ရှိကြောင်းကို အလွတ် ပညာရှင်အား လာရောက်စေပြီး အတည်ပြုခွင့်ပေးသင့်ကြောင်း အကြံပြုခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် တရုတ်အာဏာပိုင်များက ဂတ်ဟန်သည် ကျောင်းတက်ပြီး သာမန်ဘဝကို ဖြတ်သန်းနေသော တိဗက်လူငယ်တစ်ဦးဖြစ်ကြောင်းနှင့် အနှောင့်အယှက်မပေးစေလိုကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly