ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ပုံရိပ် ပိုမိုကျဆင်းနေကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ပုံရိပ် ပိုမိုကျဆင်းနေကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ဖွံ့ဖြိုးပြီးနိုင်ငံအများစုသည် တရုတ်နိုင်ငံကို သဘောမတွေ့ကြဘဲ အမေရိကန်၊ ဂျာမနီနှင့်တောင်ကိုရီးယားတို့တွင် စံချိန်တင်လောက်သည့် ဝေဖန်မှုများတွေ့ရကြောင်း ဇွန် ၂၉ ရက်ကထုတ်ပြန်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

Pew သုတေသနစင်တာမှ နိုင်ငံ ၁၉ နိုင်ငံတွင်ပြုလုပ်သောစစ်တမ်းအရ တရုတ်၏ စစ်ရေးနှင့်စီးပွားရေးအင်အား ကြီးထွားလာမှု၊ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဇာစ်မြစ်တို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသောကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာသည် ထပ်မံ ယိုယွင်းလာကြောင်း တွေ့ရှိရသည်။

အမေရိကန် ၈၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယားက ၈၀ ရာခိုင်နှုန်းနှင့် ဂျာမနီနှင့်ကနေဒါလူမျိုး ၇၄ ရာခိုင်နှုန်းတို့၏ တရုတ်အပေါ် အကောင်းမမြင်မှုမှာ စံချိန်တင်အဆင့်များရှိကြောင်း စစ်တမ်းက ဖော်ပြနေသည်။

တရုတ်အပေါ် မနှစ်ခြိုက်မှုမှာ ဂျပန်တွင် ၈၇ ရာခိုင်နှုန်း၊ ဩစတြေးလျတွင် ၈၆ ရာခိုင်နှုန်းနှင့် ဆွီဒင်တွင် ၈၃ ရာခိုင်နှုန်း အသီးသီးရှိသည်။

နွေးထွေးသောဆက်ဆံရေးရှိသည့် နိုင်ငံအချို့တွင်ပင် တရုတ်၏ ပုံရိပ်မှာ ကျဆင်းခဲ့သည်။

စီးပွားရေးကပ်ဆိုက် မှုကြုံတွေ့ရပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုအများစုကို လက်ခံခဲ့သော ဂရိတွင်တွင် တရုတ်ကို မနှစ်ခြိုက်မှု ၅၀ ရာခိုင်နှုန်းရှိသည်။

အစ္စရေးမှာမူ အနောက်နိုင်ငံများနှင့်မတူစွာ ကွဲလွဲနေပြီး လူအများစုက လူ့အခွင့်အရေးကို အလေးမထားဘဲ စီးပွားဆက်ဆံရေးကိုသာဦးစားပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းစစ်တမ်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ ဇွန်လ ၃ ရက်အထိပြုလုပ်ခဲ့ကာ အရွယ်ရောက်ပြီးသူပေါင်း ၂၄ ၅၂၅ က စစ်တမ်းကို ဖြေဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly