တရုတ်က ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ စစ်လေယာဉ် ၂၉ စင်း စေလွှတ်

တရုတ်က ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ စစ်လေယာဉ် ၂၉ စင်း စေလွှတ်

တရုတ်က ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ စစ်လေယာဉ် ၂၉ စင်း စေလွှတ်ခဲ့ရာ ၂၀၂၂ခုနှစ်တွင် တတိယအများဆုံး ဝင်ရောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တိုက်လေယာဉ် ၁၇ စင်း၊ ဗုံးကြဲလေယာဉ် ၆ စင်းနှင့် အခြား ထောက်ပံ့ရေး လေယာဉ်များ ပါဝင်သော အဆိုပါ စစ်လေယာဉ်များသည် အနောက်တောင်ဘက်မှ ဇွန် ၂၁ရက်တွင် ထိုင်ဝမ်၏ လေကြောင်းရန်

ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Star သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်က လေယာဉ်များ ပြန်လည်စေလွှတ်ပြီး ရေဒီယိုသတိပေးချက်များ ထုတ်ပြန်ကာ တရုတ် လေယာဉ်များကို ခြေရာခံရန် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ ချထားခဲ့ကြောင်း Taiwan News သတင်း က ဖော်ပြခဲ့သည်။

ဇွန် ၂၄ရက် အစောပိုင်းက အမေရိကန်ရေတပ် P-8A Poseidon ကင်းထောက်လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့သည်။

'အမေရိကန်ရေတပ်မှ P-8A Poseidon လေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာ လေပိုင်နက် အတွင်း ဇွန် ၂၄ ရက်က ဖြတ်သန်းသွားခဲ့သည်။ အမေရိကန်က ထိုင်ဝမ်ရေလက်ကြားအပါအဝင် နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားသည့် မည်သည့်နေရာတွင်မဆို ဆက်လက်ပျံသန်း၊ ခုတ်မောင်း၊ သွားလာသွားမည် ဖြစ် ကြောင်း ' ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်လေယာဉ် ၂၉ စင်းစေ လွှတ်ပြီးနောက် အမေရိကန်လေယာဉ်ပျံသန်းခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အရေးသည် မကြာသေးမီလများအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required