ဆိပ်ဖြူမြို့နယ်အတွင်း သယ်ဆောင်လာသော အရက်ဘီယာများ ဖျက်ဆီး

ဆိပ်ဖြူမြို့နယ်အတွင်း သယ်ဆောင်လာသော အရက်ဘီယာများ ဖျက်ဆီး

ဇူလိုင်လ ၁ ရက်

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းသယ်ဆောင်လာသော အရက်ဘီယာများကို ဖျက်ဆီးခဲ့ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဇွန်လ ၃၀ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

“အရက်ဘီယာကတော့ အားလုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ အရက်ဘီယာမှန်သမျှ အာဏာရှင်ကို အခွန် ဆောင်ရတဲ့ဟာတွေဖြစ်တဲ့အတွက်ပါ။ ကျွန်တော်တို့ ထိမ်းချုပ်နယ်မြေထဲမှာတော့ ထိမ်းချုပ်ထား တယ် ဗျာ။ နောက်ပြီး NUG ကို အခွန်ဆောင်ထားတာမဟုတ်တဲ့အတွက် အခုလိုဖျက်ဆီးရတာဖြစ်ပါတယ်” ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။

အခွန်ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အလိုက်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းတည်ရှိကြောင်း ဆိုသည်။

ယခုဖျက်ဆီးလိုက်သော အရက်ဘီယာများမှာ ဒုတိယအကြိမ် ဖျက်ဆီးခြင်းဖြစ်ပြီး သယ်ဆောင်လာသော ကားဖြင့် ပြန်လည်ဖျက်ဆီးစေခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

စစ်ကောင်စီထုတ်နှင့် စစ်ကောင်စီအား အခွန်ဆောင်ရသော အရက်ဘီယာမှန်သမျှ သယ်ဆောင်ခြင်း မပြုရန်တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသောကြောင့် ယခုကဲ့သို့ ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

အရက်ဘီယာများသယ်ဆောင်ခြင်းမပြုရန် ဇွန်လ ၂၈ ရက်နေ့က စာဖြင့်ကြိုတင်အသိပေးကာ ပိတ်ပင် ထားသော်လည်း သယ်ဆောင်လာသောကားများအား ဖမ်းဆီးပြီးခဲ့ပြီးနောက် နောင်တွင်လည်း မည့်သည့် အရက်ဘီယာကိုမျှ တင်ခွင့်ပေးမည်မဟုတ်ကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly