ဆားလင်းကြီးမြို့နယ် ၊ ဖလန်ကန်ကျေးရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် ၊ ဖလန်ကန်ကျေးရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဇူလိုင်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ ဖလန်ကန်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ခုနစ်လုံး ကို ဇွန်လ ၃ဝ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"စစ်ကောင်စီတပ်သား ၃ဝ လောက် လာပြီးတော့ ရွာကို မီးရှို့ သွားတယ်။ ခန့်မှန်းခြေ အိမ်ခုနစ်လုံး လောက်ပါသွားတယ်။ စစ်ကောင်စီတပ်တွေ လာပြီဆိုရင် အကုန်ထွက် ပြေးရတယ်။ ကျွဲ၊ နွား အိမ်မွေးတိရစ္ဆာန်တွေပါ အကုန်ခေါ်လာရတယ်။ အဲ့ဒီအတွက် လူစားဖို့ရော တိရစ္ဆာန်စားဖို့ပါ အခက်အခဲတွေ ဖြစ်ရတယ်" ဟု ဖလန်ကန် ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ သရက်ကန် ၊ လက်တောင်းကြီး ၊ လက်တောင်းငယ် ၊ မန်ကျီးကန် ၊ ဖလန်ကန် ၊ တံခါးရင်း ၊ ချောင်းကန် ၊ ချောင်းရိုး နှင့် ကုက္ကိုလ်စု စသည့် ကျေးရွာများမှ လူဦးရေ ၄,၀၀၀ (လေးထောင်) ခန့်မှာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly