တရုတ်က တိဗက်လူမျိုး ၁၇ ၀၀၀ ကို နေရာပြောင်းရွှေ့ရန် စီစဉ်

တရုတ်က တိဗက်လူမျိုး ၁၇ ၀၀၀ ကို နေရာပြောင်းရွှေ့ရန် စီစဉ်

တရုတ်အာဏာပိုင်များသည် တိဗက်လူမျိုးများ၏လူနေမှုဘဝတိုးတက်ရန်နှင့် ဒေသ၏ ထိရှလွယ်သော ဂေဟစနစ်ကိုကာကွယ်စောင့်ရှောက်ရန်ဟူသော နေရာရွှေ့ပြောင်းရေးအစီအစဉ်အောက်၌ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လတ္တီကျုအမြင့်ပိုင်းရှိ နန်ချူမြို့မှ တိဗက်လူမျိုး ၁၇ ၅၅၅ ခန့်ကို နေရာရွှေ့ပြောင်းပေးတော့မည်ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့် ၄ ၅၀၀ မီတာအထက်ရှိ နေရာများမှ ပြည်သူများကို ရှန်နန်းမြို့ ပင်လယ်ရေမျက်နှာပြင်အထက် ၃ ၆၀၀ မီတာရှိ သက်သောင့်သက်သာရှိသောနေရာသို့ ရွှေ့ပြောင်းတော့မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဒေသဆိုင်ရာ သစ်တောနှင့် စားကျက်မြေအုပ်ချုပ်ရေးဒါရိုက်တာ ဝူဝေက နန်ချူမြို့မှ ဒေသခံများသည် ဆိုးရွားသော ရာသီဥတု၊ ယိုယွင်းနေသော ထုတ်လုပ်မှုနှင့် လူနေမှုအခြေအနေများရှိသော နေရာများတွင် နေထိုင်နေရကာ စားကျက်မြေများမှာလည်း ပျက်စီးသွားပြီးဖြစ်ကြောင်း ပြောသည်။

“ရွှေ့ပြောင်းရေးအစီအစဉ်ဟာ ဂေဟဗေဒစနစ်ကာကွယ်ရေးနှင့် ပိုမိုကောင်းမွန်သောဘဝအတွက် ပြည်သူ့တောင်းဆိုချက်နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားပြီး လူထုဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆိုင်ရာ အယူအဆဖြစ်ပါတယ်” ဟု ဝူက ဆိုသည်။

ရွှေ့ပြောင်းရေးအစီအစဉ်အရ ၈ ရှစ်အတွင်းတွင် တိဗက်မြို့ပေါင်း ၁၀၀ ခန့်မှ ဒေသခံ ၁၃၀ ၀၀၀ ထက်မနည်းကို နေရာသစ်သို့ ပို့ဆောင်သွားမည်ဟု Tibet Press ကဖော်ပြသည်။

တိဗက်၏သဘာဝစနစ်များသည် တရုတ်၏ ကိုယ်ကျိုးကြည့်မှုကြောင့် ယခုအခါ အစိတ်စိတ်အမွှာမွှာ ပျက်စီးနေပြီဖြစ်သည်။

၁၉၅၉ ခုနှစ် တိဗက်အုံကြွမှုနောက်ပိုင်း တရုတ်အစိုးရသည် တိဗက်အပေါ် ထိန်းချုပ်မှုတင်းကျပ်ထားသည်။ ယနေ့ခေတ်တိဗက်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်တို့ မရှိသလို အကြောင်းမဲ့ ထိန်းသိမ်းခံရမှုများ ဆက်ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly