တရုတ်အစိုး၏ဖိအားအောက်တွင် ဟောင်ကောင်ကျောင်းများ မျိုးချစ်စိတ်မြှင့်တင်ပေးသည့်ကျောင်းများဖြစ်လာ

တရုတ်အစိုး၏ဖိအားအောက်တွင် ဟောင်ကောင်ကျောင်းများ မျိုးချစ်စိတ်မြှင့်တင်ပေးသည့်ကျောင်းများဖြစ်လာ

အယူအဆသစ်များ ရိုက်သွင်းရန်နှင့် စဉ်းစားတွေးခေါ်မှုများ စာသင်ခန်းမှ ပျောက်ကွယ်သွားရန် ပြင်ဆင်ထားသည်ဟု ယူဆနိုင်သော သင်ရိုးညွှန်းပြောင်းလဲမည့် အစီအစဉ်အပေါ် လွန်ခဲ့သော ၁၀ ခန့်က ထောင်နှင့်ချီသော ကျောင်းသားများသည် လမ်းများပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော် ယခုအခါတွင် အဆိုပါ ကျောင်းများသည် မျိုးချစ်စိတ်ဓာတ်မြှင့်တင်အားပေးသည့် ကျောင်းများဖြစ်လာသည်ကို အံ့ဩဖွယ်ရာတွေ့ရှိလာရသည်။

ကျောင်းစာအုပ်များသည် သမိုင်းကြောင်းနှင့်ဆိုင်သော အကြောင်းအရာများ စိမ့်ဝင်ပျံ့နှံ့ရန်နှင့် မျိုးချစ် ပညာရေးဖြစ်စေရန် တရုတ်၏ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဟောင်ကောင်သည် သိမ်းပိုက် ခံရသော်လည်း ဗြိတိန်ကိုလိုနီမဖြစ်ခဲ့ကြောင်း ကျောင်းသုံးစာအုပ်သစ်များ၌ ထည့်သွင်းရေးသားထားသည်ဟု Washington Post က ဖော်ပြသည်။

၁၉၉၇ ခုနှစ်တွင် တရုတ်လက်အောက်ပြန်ရောက်ချိန်၌ ဟောင်ကောင်သည် တရုတ်၏တစ်နိုင်ငံစနစ်နှစ်မျိုးမူအရ ၎င်း၏ပညာရေးစနစ်ကို ထိန်းသိမ်းခဲ့ကာ အမျိုးသားရေးလက္ခဏာနှင့်မျိုးချစ်စိတ်ဓာတ်ကိုတည်ဆောက်ရန် ရည်ရွယ်သော ပြည်မကြီး၏ အမျိုးသားလုံခြုံရေးအပေါ် အာရုံစိုက်မှု ကင်းမဲ့ခဲ့သည်။

ဟောင်ကောင်တွင် အသိသာဆုံးအပြောင်းအလဲတစ်ခုကို နှစ်သစ်တွင်တွေ့ခဲ့ရပြီး မူလတန်းနှင့် အလယ်တန်းကျောင်းများသည် အပတ်စဉ် တရုတ်ကွန်မြူနစ်ပါတီ၏အလံလွှင့်ထူသည့်အခမ်းအနားများကို စတင်ပြုလုပ်လာသည်။

တစ်နှစ်မျှကြာမြင့်သည့် ဟောင်ကောင်ဆန္ဒပြပွဲများကိုတားမြစ်ပြီး အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန် ကျောင်းများကို တွန်းအားပေးသည့် အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ ခုနှစ်တွင် ဟောင်ကောင်၌ ပြဋ္ဌာန်းပြီး များမကြာမီ အဆိုပါ ပြောင်းလဲမှုများ စတင်လာခြင်းဖြစ်သည်။

မအောင်မြင်ခဲ့သော ၂၀၁၂ ပညာရေးပြုပြင်မွမ်းမံမှုအတွက် တာဝန်ယူထားသူတစ်ဦးဖြစ်သည့် ခရစ္စတင်းချွိုင်က ပညာရေးဌာနကို ဇူလိုင်လတွင် စတင်တာဝန်ယူမည်ဖြစ်ကာ သူမ၏ အဓိကရည်မှန်းချက်များအနက်တစ်ခုမှာ လူငယ်များအကြား အမျိုးသားရေးလက္ခဏာအသိစိတ်ဓာတ်ကို မြှင့်တင်ရန်ဖြစ်ကြောင်း ပြောသည်။

ကြိုတင်လေ့လာသုံးသပ်နိုင်ရန် ဟောင်ကောင်ကျောင်းများသို့ ပို့ထားသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၄ မျိုးထွက်မနည်းတွင် ဟောင်ကောင်ကို ကိုလိုနီမြေဟုမသုံးဘဲ သိမ်းပိုက်ခံနယ်မြေအဖြစ်သာ ဖော်ပြထားသည်။

ဘိန်းစစ်ပွဲအပြီး ဗြိတိန်က ဟောင်ကောင်ကို သိမ်းပိုက်ခဲ့သော်လည်း တရုတ်၏ ပိုက်နက်နယ်မြေ ဖြစ်နေဆဲဖြစ်သည်ဟု ဟောင်ကောင် ခေတ်မီပညာရေးသုတေသနအဖွဲ့အစည်းမှထုတ်ခဲ့သော ပြဋ္ဌာန်းစာအုပ်ကို ကိုးကား၍ Washington Post ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly