တရုတ်က ပိတ်ပင်ထားသည့် ပို့ကုန်များအတွက် လစ်သူယေးနီးယားက ထိုင်ဝမ်ဈေးကွက်ကို မျက်စိကျနေ

တရုတ်က ပိတ်ပင်ထားသည့် ပို့ကုန်များအတွက် လစ်သူယေးနီးယားက ထိုင်ဝမ်ဈေးကွက်ကို မျက်စိကျနေ

လစ်သူယေးနီးယားနိုင်ငံမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းမပြုရန် ပိတ်ဆို့ထားသဖြင့် လစ်သူယေး နီးယားစိုက်ပျိုးရေးဒု-ဝန်ကြီး ဂျီရိုင်တစ်က ထိုင်ဝမ်သို့ ဇွန် ၂၄ရက်က လာရောက်စဉ် ပို့ကုန်တိုးမြှင့်ရေး မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

ဇွန် ၂၂ရက်က စတင်သည့် ထိုင်ဝမ်သို့ ၃ ရက်ကြာအလည်အပတ်ခရီးအတွင်း ဂျီရိုင်တစ်က ထိုင်ဝမ်သို့ အမဲ သား၊ ကြက်၊ ငါး၊ နို့ထွက်ပစ္စည်းနှင့် ဥထွက်ပစ္စည်းများကို မိတ်ဆက်ပေးရန် မျှော်လင့်ထားကြောင်း လစ်သူယေး နီးယားက ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရတာဝန်ရှိသူများသည် အဆိုပါထုတ်ကုန်များကို လာမည့်လအနည်းငယ်အတွင်း တင်ပို့ခွင့်ပြုရန် သဘောတူညီခဲ့ကြောင်း လစ်သူယေးနီးယားအရာရှိတစ်ဦးက ပြောကြားသည်။

လစ်သူယေးနီးယားနိုင်ငံ၊ ဗီးနပ်စ်မြို့တွင် 'ထိုင်ဝမ်' ဟူသော စကားလုံးဖြင့် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချပြီးနောက် တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း စွပ်စွဲခံနေရပြီး ဂျီရိုင်တစ်က ထိုင်ဝမ်ဈေးကွက်သည် လစ်သူယေးနီးယား၏ ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုအရေးကြီးလာသည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ကို အစားထိုးမည့် အလားအလာရှိသော ဈေးကွက်ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း ဂျီရိုင်တစ်က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ၏ ကူးသန်းရောင်းဝယ်ရေးကုန်သွယ်မှုအချက်အလက်များအရ ၂၀၂၁ခုနှစ်တွင် လစ်သူယေးနီးယားမှ တရုတ်သို့ ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ သန်း ၂၇၀
ဖိုးတင်ပို့ခဲ့သည်။

ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအမည်ပေးခြင်းကိစ္စကြောင့် တရုတ်က လစ်သူယေးနီးယားနှင့် သံတမန် ဆက်ဆံရေး ကို ၂၀၂၁ခုနှစ်တွင် အဆင့်လျော့ချခဲ့ပြီး တရုတ်သို့ အမဲသား၊ နို့ထွက်ပစ္စည်းနှင့် ဘီယာတင်သွင်းမှုများကို ဆိုင်းငံ့ ထားခဲ့ကြောင်း ဖေဖော်ဝါရီလတွင် လစ်သူယေးနီးယားအစိုးရက ပြောကြားသည်။

လွန်ခဲ့သည့် တစ်လခန့်က လစ်သူယေးနီးယားရမ်အရက် သင်္ဘောတစ်စင်းစာကို ထိုင်ဝမ်က ဝယ်ယူခဲ့သည်။

ဇွန် ၂၄ရက် အစောပိုင်းက ထိုင်ဝမ်ဒုတိယစီးပွားရေးဝန်ကြီး ချန်ချန်းချီသည် ဂျီရိုင်တစ်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့်  စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စီးပွားရေးရေးရာဝန်ကြီးဌာန (MOEA) မှ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required