ရုရှားက တရုတ်သို့ ရေနံအများဆုံးရောင်းချသည့်နိုင်ငံ ဖြစ်လာ

ရုရှားက တရုတ်သို့ ရေနံအများဆုံးရောင်းချသည့်နိုင်ငံ ဖြစ်လာ

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုများရှိနေချိန်တွင် ရုရှားက ရေနံစိမ်းများကို တရုတ်သို့ လျှော့ဈေးဖြင့် ရောင်းချပေးနေခြင်းကြောင့် ရုရှားသည် တရုတ်အတွက် အကြီးမားဆုံး ရေနံရောင်းချသူ ဖြစ်လာခဲ့သည်။

ရုရှားရေနံတင်သွင်းမှုသည် အစောပိုင်းကထက် ၅၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မေလတွင် စံချိန်တင်အဆင့် သို့ မြင့်တက်လာခဲ့ကာ ဆော်ဒီအာရေနေရာကို အစား ထိုးဝင်ယူခဲ့ပြီး တရုတ်၏ အကြီးဆုံး ထောက်ပံ့ပေး သူဖြစ်လာခဲ့သည်။

ကိုဗစ်ကန့်သတ်ချက်ကြောင့် စီးပွားရေးနှေးကွေးနေသော်လည်း တရုတ်သည် ရုရှားမှ ရေနံဝယ်ယူမှုကို အရှိန်မြှင့်လိုက်သည်။

ဖေဖော်ဝါရီလတွင် တရုတ်နှင့် ရုရှားတို့က ချစ်ကြည်ရင်းနှီးမှု “အကန့်အသတ်မဲ့ကြောင်း” ကြေညာခဲ့သည်။

ယူကရိန်းစစ်ပွဲအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်အညီ ရုရှားစွမ်းအင်ကို ဥရောပနှင့် အမေရိကန်က မဝယ်ခြင်း ကြောင့် ရုရှားရေနံများကို လျော့ဈေးအများအပြားဖြင့် ကမ်းလှမ်းသဖြင့် မကြာသေးမီ လများအတွင်း တရုတ်နိုင်ငံပိုင် ရေနံချက်ကုမ္ပဏီကြီး Sinopec နှင့် အစိုးရပိုင် Zhenhua ရေနံကုမ္ပဏီတို့ အပါအဝင် တရုတ် ကုမ္ပဏီများသည် ဝယ်ယူမှုများလာခဲ့သည်။

အရှေ့ဆိုက်ဘေးရီးယား ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကျော် ပိုက်လိုင်းနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည့် ထောက်ပံ့ရေးပစ္စည်းများ အပါအဝင် တရုတ်သို့ တင်သွင်းမှုမှာ မေလက တန်ချိန် ၈ ဒသမ ၄၂ သန်းနီး ပါးရှိ ကြောင်း တရုတ်အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များက ဖော်ပြနေသည်။

ယင်းကြောင့် ယခင်က တရုတ်၏ အကြီးဆုံး ရေနံစိမ်းအရင်းအမြစ်ဖြစ်သော ဆော်ဒီအာရေဗီးယားသည် တန်ချိန် ၇ ဒသမ ၈၂ သန်းဖြင့် ဒုတိယနေရာသို့ ရောက်သွားခဲ့သည်။

ယူကရိန်းကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေမှုကို အဆုံးသတ်ရန် ဥရောပသမဂ္ဂက လုပ်ဆောင်နေချိန်မှာပင် အမေရိကန်နှင့် ဗြိတိန်တို့က ရုရှားရေနံကို ပိတ်ပင်မည်ဖြစ်ကြောင်း မတ်လမှာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required