အီမရန်ခန်းလက်ထက် ပါကစ္စတန်သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး လူ့အခွင့်အရေး အလွဲသုံးစားပြုသည့် နိုင်ငံ ဖြစ်လာခဲ့ဟု ဆို

အီမရန်ခန်းလက်ထက် ပါကစ္စတန်သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး လူ့အခွင့်အရေး အလွဲသုံးစားပြုသည့် နိုင်ငံ ဖြစ်လာခဲ့ဟု ဆို

ပါကစ္စတန်သည် ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သော အစိုးရ အုပ်ချုပ်ခဲ့စဉ်အတွင်း ကမ္ဘာတွင် အန္တရာယ်အရှိဆုံး လူ့အခွင့်အရေး အလွဲသုံးစားပြုသည့် နိုင်ငံများအနက် တစ်ခု ဖြစ်လာခဲ့ကြောင်း Just Earth News က ဖော်ပြသည်။

ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ဖ် ပြီးလျင် အီမရန် ခန်းသည် နိုင်ငံတွင် သတင်း မီဒီယာတိုက်များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် ကြိုးပမ်း ထားခဲ့သူများအဖြစ် နာမည်ဆိုးဖြင့် ကျော်စောသော လူ့အခွင့်အရေး အလွဲသုံးစားပြုသူများအနက် တစ်ဦး ဖြစ်ခဲ့ ကြောင်း အဆိုပါ မီဒီယာက ဖော်ပြသည်။

အီမရန် ခန်း အစိုးရလက်ထက်၌ အစိုးရနှင့် သဘောထား ကွဲလွဲ ဆန့်ကျင်သူများကို သတ်ခြင်း၊ ဂျာနယ်လစ် များကို ကြောက်မက်ဖွယ် စကားလုံးများဖြင့် ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်ခြင်းတို့သည် ပုံမှန်လို ဖြစ်လာခဲ့ကြောင်း ယင်းမီဒီယာက ဖော်ပြသည်။

နိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ထိုတစ်နှစ်တာအတွင်း အဆိုးဆုံး ထိခိုက်ထားခဲ့သည်ဟု ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ယင်း၏ “၂၀၂၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ” ထဲတွင် ဖော်ပြထားခဲ့သည်။

“ဒီလိုမျိုး ထိန်းချုပ်ကန့်သတ်မှုတွေအရ ဒါဟာ ပြည်သူတွေရဲ့ ကိုယ်ကြိုက်သလို ပြောဆို၊ လုပ်ကိုင်နိုင်ခွင့်ကို လုယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတစ်ရပ်လိုမျိုး ဖြစ်နေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly