ယုဇနဥယျာဉ်မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွါး လူငယ် ၁ဦးသေဆုံး ၁ ဦးအဖမ်းခံရ

ယုဇနဥယျာဉ်မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွါး လူငယ် ၁ဦးသေဆုံး ၁ ဦးအဖမ်းခံရ

ဇွန် ၂၇

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော် ၁၀ လမ်း(A)ရှိ တိုက်ခန်းတစ်ခန်းတွင် ဇွန်လ ၂၅ရက် ညနေ ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ဘက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ အသံအကျယ်ကြီးပဲ။ အခန်းတစ်ခုထဲကနေပေါက်တာဆိုတော့ gas အိုးပေါက်တာလို့ထင်တာ။ အဲ့လိုမဟုတ်ဘူးလို့တော့ပြောနေကြတယ်။ အခုတော့ စခ(စစ်ကောင်စီတပ်သား)တွေ စစ်နေကြပြီ” ဟု ဖြစ်စဉ်ကို ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ မြေအောက်ရဲဘော်များ ဗုံးစမ်းသပ်ရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးခဲ့သော်လည်း အဆိုပါလမ်းထဲရှိလူများ ဝိုင်းဝန်းဖမ်းဆီးခြင်းကြောင့် လက်ရှိတွင် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်သားများ၊ အရပ်ဝတ်များပါ ရောက်ရှိလာပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်တိုက်ကို ပိတ်ဆို့ကာ အနီးပတ်ဝန်းကျင်အား အင်အားအများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#ရန်ကုန်တိုင်း

#ဒဂုံဆိပ်ကမ်းမြို့နယ်

#ယုဇနဥယျာဉ်မြို့တော်

#ပေါက်ကွဲမှုဖြစ်ပွါး

#သေဆုံးဖမ်းဆီးခံရ

#စစ်ကောင်စီတပ်ဖွဲ့

#ဧည့်စာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly